09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Friday, October 10, 2014

တန်းခွဲသစ်များဖွင့်လှစ်ခြင်း

တန်းခွဲသစ်များဖွင့်လှစ်ခြင်း




နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ ဆရာ/မများကိုယ်တိုင် 
ပုံမှတ်သင်တန်းကြေးဖြင့် မတတ်မချင်း သင်ကြားသည့် 
ပိရမစ် သင်တန်းကျောင်း 

 သင်ကြားနိုင်သော ဘာသာရပ်များ -

  • ကွန်ပျူတာ အခြေခံနှင့် ရုံးလုပ်ငန်းသုံး ( i-office Course )
  • စာစီစာရိုက်နှင့် ပုံနှိပ်လုပ်ငန်းများအတွက် ( D.T.P Course )
  • ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခြင်း ( Graphic Design )
  • ဖုန်းနှင့် မီဒီယာ လုပ်ငန်းများအတွက် ( Multimedia Course )
  • ကွန်ပျူတာပြု ပြင်ခြင်း ( Hardware Engineering A+ )
  • ကွန်ပျူတာစနစ်များအား စနစ်တကျ စီမံခန့်ခွဲမှု ( System Administration )
  • နက်ဝက်ချိတ်ဆက်ခြင်းနှင့် Server, Wireless လေ့လာလိုသူများအတွက် ( Network Engineering N+)
  • UK အသိအမှတ်ပြု စာရင်းကိုင်သင်တန်းများ LCCI ( Level I,II,III )
  • ကွန်ပျူတာစာရင်းကိုင် ( MYOB (or) Autocount )
  • English Language ( 4+ Skills )
  • Level အလိုက်သင်တန်းများနှင့် Regular Class များဖွင့်လှစ်သင်ကြားနေပါပြီ...။

အမှတ် (ဇ/၅၉၇)၊ သုနန္ဒာ (၅)လမ်းထိပ် (ပထမထပ်)၊ မြောက်ဥက္ကလာ။
ဖုန်း - ၀၉ ၄၅၀၀ ၄၁ ၅၀၇၊ ၀၉ ၂၅၀ ၄၂ ၉၀ ၇၉

အလွယ်သုံး အင်္ဂလိပ်စကားပြော ၀ါကျတိုများ


အလွယ်သုံး အင်္ဂလိပ်စကားပြော ၀ါကျတိုများ




ကျတ်မှတ်ပြီး ထပ်ခါတလဲလဲ လေ့ကျင့်ထားသင့်ပါတယ်။ တကယ်ပြောရတဲ့အခါ ...
အဆင်ပြေချောမွေ့အောင်ပါ။


1. I say = ဟေ့လူ။

2. I see = ဟုတ်ပြီ / သဘောပေါက်ပြီ။

 
3. You see? = သိလား။

 
4. I do = သဘောတူပါတယ်။

 
5. I’m done = ငါတော့ ပြည်ဖုံးကားချလိုက်ပြီ။

 
6. Done! = ကောင်းပြီ သဘောတူတယ်/ ဖြစ်စေရမယ်။

 
7. I’m up! = ကျွန်ုပ်အိပ်ယာနိုးပြီ။

 
8. I’m all ears = ကျွန်ုပ် နားထောင်နေပါတယ်။

 
9. I give up = ပန်းပေးတယ်/ အရှုံးပေးတယ်။

 
10. Search me! = ပန်းပေးတယ်/ ကျွန်ုပ်မသိပါ။

 
11. I quit = ကျွန်ုပ် နုတ်ထွက်တယ်။

 
12. I’m buying = ကျွန်တော်/မ ဒကာခံမယ်။

 
13. My treat = ကျွန်တော်/မ ကျွေးမယ်။

 
14. Your treat? = မင်းကျွေးမှာလား…။

 
15. How much do I owe you? = ဘယ်လောက်ကျပါသလဲ…။

 
16. That calls for celebrations! = မုန့်ကျွေးသင့်တယ်။

 
17. God bless you! = ဘုရားသခင်ကောင်းချီးပေးပါစေ။(နှာချေရာ၌ အသုံးပြုသည်)

 
18. Good bless you = ကျေးဇူးကြီးပါပေတယ်။

 
19. Touch wood = တိုက်တိုက်ဆိုင်ဆိုင်စကားဆုံမိလျှင်ဆုတောင်းခြင်း။

 
20. Knock on wood! = ကံကောင်းပါစေ…။


                                                                           

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား



ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား 


လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။

အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။

ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။

ဗုဒ္ဓက ရှိတယ် ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။

(၁)ဥဋ္ဌာနသမ္ဗဒါ-ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။ ဒက္ခ-လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ-ဇွဲကောင်းမှုရှိရမယ်၊ ဥပါယဝီမံသ-နည်းပညာရှိရမယ်။ ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။ ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်၃ချက် ပါတယ်။ ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာ အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။ ပိဋကတ်တော်တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒိ၃ရပ်ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ရှိ၇မယ်တဲ့။

(၂) အာရက္ခသမ္ဗဒါ - ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့် ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့် မရှိအောင် သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။ ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့ ဗုဒ္ဓကဟောထားတာ။ ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။

(၃) ကလျာဏမိတ္တာ - မိတ်ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊ အကျင့်စာရိတ္တကေယင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းေ တွ အင်မတန်မှလိုအပ်ပါတယ်။ ဒီကနေ့ခေတ်ကြည့် စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။ ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်း ဥစ္စာတွေ ရရှိလာမယ်။ ထိန်းထိန်းသိမ်းသိမး ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။သိုသော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံးသွားနိုင်တယ်။

(၄)သမ္မဇီဝိတာ- နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ်လ အရေးကြီးဆုံး တစ်ချက်ကတော့ သမ္မဇီဝိတာ ၊ရလာတဲ့ စည်းစိမ်ဥစ္စာါ် ကုယ်ထုတ်လုပ်တဲ့ ပစ္စည်း ၊ ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းစာယားခိုင်ခိုင် မာမာထားပြီးတော ဝင်ငွေနျင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။ သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေပညာလိုပဲ။ ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။ သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။ ထို၂ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။

မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ကြိုးပမ်းမှု အားထုတ်မှု အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု မိတ်ဆွေကောင်းရှိမှု ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု ဆိုတဲ့အချက်ကြီး၎ချက်ကို ဟောခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင် စီးပွားရေးက တိုတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်၎ချက်ပါပဲ။

Credit to အဂ္ဂမဟာပဏ္ဍိတ အရှင် နန္ဒမာလာဘိဝံသ(Ph.D)
မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ

Sunday, October 5, 2014

Sign ( အညွှန်း သင်္ကေတတွေ )

Sign ( အညွှန်း သင်္ကေတတွေ )



အင်္ဂလိပ် စကားပြောအတွက် Usage များ (၅)

အင်္ဂလိပ် စကားပြောအတွက် Usage များ (၅)





- Fair price.
ဈေးသင့်တယ်

-  Market price.
ပေါက်ဈေးပေါ့

-  Attractive smile!
စွဲဆောင်လိုက်တဲ့အပြုံး

-  Lovely!
ချောလှချည်လား။

-  Lovely voice!
ကောင်းလိုက်တဲ့ အသံ

-  Really?
တကယ်လား

-  Yes/Not really.
တကယ်ပေါ့။ /မ

-  May be (not)
ဖြစ်နိုင်တယ်/မ

-  What about?
ဘာတွေပြောနေတာလဲ

-  Just gossip.
အတင်းပြောနေတာလေ

-  Up to you. (As you like)
မင်းသဘောပေါ့

-  Need I tell you?
ငါမင်းကို ပြောဖို့လိုသေးသလား

-  I lost patient.
စိတ်တိုလာပြီ

-  I cannot stand.
သီးမခံနိုင်တော့ဘူး

-  Good-nature.
စိတ်ကောင်းရှိတယ်

-  Evil –minded.
စိတ်ရုတ်မာတယ်

-  I can’t leave you.
ငါမင်းကို မခွဲနိုင်တော့ဘူး

-  Don’t leave me alone.
ငါ့ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့ (ငါ့ကိုခွဲမသွားနဲ့)

-  When for?
ဘယ်တော့လဲ

-  Without effort, no success.
ကြိုးစားမှုမရှိရင်အောင်မြင်မှုမရှိဘူး

-  What’s up?
ဘာလဲ

-  Thank you for saying that.
အခုလိုပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်

-  Dark curly hair!
ကောင်းလိုက်တဲ့ဆံပင်။