09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Saturday, October 18, 2014

လောကမှာ ကြီးပွားချမ်းသာ နေသူ သုံးမျိုးသုံးစားရှိတယ်


လောကမှာ ကြီးပွားချမ်းသာ နေသူ သုံးမျိုးသုံးစားရှိတယ်


လောကမှာ ကြီးပွားချမ်းသာ နေသူ သုံးမျိုးသုံးစားရှိတယ် 

(၁) အ မွေရသူ
(၂) ကံ ကောင်းထောက်မပြီးနေရာကောင်းကိုအချိန်ကောင်းမှာ ရောက်သွားတဲ့သူ
(၃) စိတိကူးဥာဏ် ရှိပြီး ကိုယ့်စိတ်ကူး အ ကောင် အထည် ပေါ်တဲ့အထိ ဇွဲလုံ့လ ဝိရိယ နဲ့လုပ်ဆောင် တဲ့သူ
အ မွေ နဲ့ကံဆိုတာ ကိုယ်လုပိ ယူလိုရတာ
မဟုတိ ဘူး ဒါ့ ကြောင် ဘာမှ ပြောစရာ မလိုဘူး နံပါတ်၃ အချက် က သာလူတိုင်း
နဲ့ဆိုင် တာ ကြောငိ ဆက် ပြော ဖို့ လို တယ်
Sam Waltonဟာ ကမ္ဘာ ကျော် Wal-Mart ကုမ္ပဏီကြီးရဲ့သူ ဌေးအဖြစ်ကို ကံ
ကောင်း ထောကိ မလို့ ရ ရှိ ခဲ့တာ မဟုတ်ဘူး
နှစ် ပေါင်းများစွာ ဇွဲ လုံ့လ နဲ့ ကြိုးစားအားထုတ် လို ရ ခဲ့တာ ဖြစ်တယ်
Wal mart ကို အာကင် ဆော ပြည်နယ်
Beutouville မြို့ က လေ်းမှာ စဖွင့် စဉ် က
ချွေတာ ရေး လက်လီဆိုင် သေးသေးလေး
သာ ဖြစ်တယ် Sam walton ရဲ့ အရည်အချငိး သူ့လုံလ ဇွဲ တို့ ကြောင်
အ မေ ရိကန် နိင် ငံ၇ဲ့ အကြီးဆုံး ချွေတာ
ရေး လက်လီဆိုင် အုပ်စုကြီး အဖြစ် ရောကိ
ရှိသွားခဲ့ရတယ်
Wal-Mart ကော်ပို ရေးရှင်းကြီးဟာ စီးပွားရေး
လောက မှာ Growth from Wilkin" လို့
ခေါ်ကြ တဲ့ အတွင်းကြီးထွား မှု စနစ်ကို
အောင် မြင် ခဲ့ တာ ဖြစ်တယ သန့်ရှင်းရေး
သမား က် ကြိုးစားရင် တစ်နေ့မှာ ကုမ္ပဏီ
ဥက္ကဋ္ဌ ဖြစ် လာ နိင် တဲ့စနစ် မျိုးဖြစိတယ်
အင် ဒီရာ ဂန္ဓီတစ်ခါက ပြော ခဲ့ဖူးတာ ရှိတယ်
" ကျွန်မ အဘိုး တစ်ခါက ပြောခဲ့ ဖူးတာရှိတယ်
လောက မှာ လူနစ်မျိုးနစ်စား ရှိတယ်တဲ့
တစ်မျိုးက အလုပ် လုပိပြီး တစ်မျိုးက နာမည်
ကောငး ယူတယ်တဲ့ အဘိုးက ကျွန်မကို
ပထမ အမျိုးအစားမှာ ပါနိင် အောင်
ကြိုးစားဖို့ အမြဲ ပြောတယ် "
၁၉၅၇ ခု နစိ မှာ တိုယိုတာက အ မေ ရိကန် ကားဈေးကွက် ထဲကို တိုယိုပက်
ဆို တဲ့ ကားငယ် လေးနဲ့ စတင် ၀င်
ရောက် ခဲ့တယ် ဒါပေမယ့် လုံးဝ မ အောင်
မြင် ခဲ့ဘူး တိုယိုတာက နောက် ဆုတ်
မသွားဘဲ ၁၉၆၅ ခုနစ်မှာ ကိုရိုနာ
ကားနဲ့ ပြန်ပြီး ဝင် ပြန်တယ် အဲဒါလညိး
တစ် နစ် လုံးမှာ စင်းရေ ၅၄၀၀ ဘဲ ရောင်းချရတယ် သို့ပေမယ့် နစ် ပေါင်းများစွာ ကြာ လာတဲ့အခါမှာတော
တိုယိုတာ ဟာ အ မေ ရိကန် ပြည် ထောငိစုကို ကားအများဆုံးတင် ပို့ရောင်း
ချ တဲ့ ကုမ္ပဏီ ကြီး အဖြစ် ရောက် ရှိလာ
ခဲ့တယ်
ဂျော့ဘားနတ်ရှောကလည်း ဇွဲလုံ့လ နဲ့ပတ်
သက် ပြီး ' ကျုပ်ငယ်ငယ်က ဘာလုပ်လုပ်
၁၀ ခု လုပ် ရင် ကိုးခု က ရှံးနိမ့်တာ တွေချည်း ဘဲ ဒါပေမယ့် ကျုပ်ကအရှုးံသမား
့မဖြစ် ချင် ဘူး ဒါ့ ကြောင့် ၁၀ ဆ ပိုပြီး
အလုပ် လု့ပ် တယ်"
ဇွဲ လုံ့လ၀ိရိယ ရှိရင် ကြိုးစားအားထုတ်မှု
ပြုရင် မ အောင် မြင် မှုဆို တာမရှိနိင် ပါဘူ့း
မ ဟာ ဇနက ဘုရား လောင်းလို ဇွဲမျိုးနဲ့
လူငယ် လူရွယ် တွေလည်း ကို့ဘဝ
တိုးတက် ဖို့ ကို့ ရည် ရွယ်ချကိ တွေ ဖြစ် မြောကိ အောင် မြင် ဖို့ မဆုတ်မနစ် ကြိုးစား
သင့် ပါတယ်။

                                                   စာဆိုစစ်သည်

အလွယ်သုံး အင်္ဂလိပ်စကားပြော ၀ါကျတိုများ (၂)

အလွယ်သုံး အင်္ဂလိပ်စကားပြော ၀ါကျတိုများ (၂)



21. Cross my heart! = ဘုရားစူး။

22. Keep your fingers crossed! = အောင်မြင်ဖို့ဆုတောင်းနေကြ။၏

 
23. Swear upon the Bible! = ဘုရားပေးပေး ကျမ်းပေးပေး။

 
24. Swear to God = ဘုရားစူး။

 
25. Thank God! = တော်ပါသေးရဲ့။

 
26. Jeeze! = ဘုရားရေ။

 
27. Holy cow! = အမလေး။

 
28. Good Heavens! = အမလေး။

 
29. Ma…ma…mia… ! = အမလေး … လေး။

 
30. My…my ! = အမလေး … လေး။

 
31. Wish me luck! = ဆုတောင်းပေးပါ။

 
32. Let’s say grace = ဆုတောင်းကြစို့။

 
33. By the grace of God = ဘုရားကျေးဇူးတော်ကြောင့်။

 
34. God forbid! = ဖွ… လွဲစေဖယ်စေ။

 
35. Freeze! = မလှုပ်နဲ့။

 
36. Hold still = မလှုပ်နဲ့… ငြိမ်ငြိမ်နေ။

 
37. Hold sit! = ရပ်လိုက် / နေဦး။

 
38. Thumbs up! = အောင်ပြီဟေ့။

 
39. Come on ! = လာလေကွာ။

 
40. (Just) you dare ! = လုပ်ရဲလုပ်ကြည့်စမ်း။


ဖြစ်ပုံရယ် ဆန်းပါဘိ


ဖြစ်ပုံရယ် ဆန်းပါဘိ





WHAT AN INCIDENT!
There were three guys in the plane. One guy dropped a rock, another dropped a brick, and the last dropped a grenade.

When they got back on the ground, they were walking down the street and they saw a woman crying. Being gentlemen, they went up to ask her why she was crying. She said “A rock fell from the sky, landed on my cat and now my cat is dead.” The men said they were very sorry to hear that and walked away. The next house they came across a little further down the road. They saw another woman crying. Being gentlemen, they walked up to her and asked her why she was crying. She said “A brick fell from the sky, landed on my dog and now my dog is dead.” The men said they were very sorry to hear that and walked away.

The next house they came a little further down the road. They saw a man laughing his head off! Wondering what was so funny, they went up to ask him. After they had asked him, the man replied, “ . . . . . . . . . ”.

The man replied, “I bent over to get the newspaper this morning. I farted and my whole house blew up! Ha, ha, ha, ha!”



ဖြစ်ပုံရယ် ဆန်းပါဘိ
                လေယာဉ်ပျံထဲတွင် လူသုံးဦးရှိသည်။ တစ်ဥိးက ကျောက်တုံးတစ်တုံးပစ်ချလိုက်သည်။ အခြားတစ်ယောက်က အုတ်ခဲတစ်လုံးပစ်ချသည်။ နောက်ဆုံးတစ်ယောက်က လက်ပစ်ဗုံးတစ်လုံးပစ်ချလိုက်သည်။
                သူတို့ မြေပြင်ပေါ် ပြန်ရောက်သောအခါ လမ်းအတိုင်းလျှောက်သွားရာ အမျိုးသမီးကြီးတစ်ဦး ငိုနေသည်ကို တွေ့လိုက်သည်။ လူကြီးလူကောင်းပီပီ သူတို့သည် သူထံသွားပြီး ငိုရခြင်းအကြောင်းကိုမေးသည်။ သူမက မိုးပေါ်က  ကျောက်တုံးတစ်တုံး သူမ၏ ကြောင်ကလေးပေါ်ကျပြီး ကြောင်ကလေးသေသွားခဲ့ရကြောင်း ဖြေလိုက်သည်။ သူတို့သည် အလွန်ဝမ်းနည်းရပါကြောင်း ပြောပြီး လျှောက်ထွက်သွားသည်။ လမ်းဆက်လျှောက်သွားရင်း ခပ်လှမ်းလှမ်းရှိ အိမ်တစ်လုံးအနားသို့ ရောက်သွားသည်။ နောက်ထပ် အမျိုးသမီးကြီး တစ်ဦး ငိုနေသည်ကို တွေ့လိုက်သည်။ လူကြီးလူကောင်းပီပီ သူမထံသို့သွားပြီး ငိုရခြင်းအကြောင်းကိုမေးရာ သူမက         " ကောင်းကင်ပေါ်က အုတ်ခဲတစ်လုံး ကျွန်မခွေးရဲ့ ဦးခေါင်းပေါ်ကျလာပြီး ခွေးကလေးသေသွားတယ် " ဟုဖြေလိုက်သည်။ သူတို့လည်း အလွန်ဝမ်းနည်းကြောင်း ပြောပြီးခရီးဆက်ခဲ့ကြသည်။
                ခပ်လှမ်းလှမ်းရှိ အိမ်တစ်အိမ်နားရောက်ရှိလာကြသည်။ လူတစ်ယောက် ခေါင်းပြုတ်လုမတတ် ဟက်ဟက်ပက်ပက် ရယ်မောနေသည်ကို မြင်လိုက်သည်။
                မည်သည်ကို သဘောကျပြီးရယ်မောနေသည်ကို သိလို ထိုသူ့ထံသို့ သွားရောက်မေးမြန်းလိုက်သည်။ ထိုသူ ပြန်ဖြေလိုက်သည်မှာ  " … ”
                 


ထိုသူပြန်ဖြေလိုက်သည်မှာ " ဒီမနက်က သတင်းစာကုန်းကောက်ရင်း လေလည်လိုက်တာ တစ်အိမ်လုံးပွင့်ထွက် သွားတယ်ဗျာ။ ဟား ဟား ဟား ! "
  

                                                                                       စာဆိုစစ်သည်

Monday, October 13, 2014

အမေ့ထူသူများအတွက် နည်း ၅ နည်း


အမေ့ထူသူများအတွက် နည်း ၅ နည်း





သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်
ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။

စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်
တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်းထဲမှာ တစ်ခုခုကို အလေး
အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။

နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့
ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။ ဖုန်းနံ
ပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ ငါနောက်တစ်ခါ ဒီဖုန်း
ကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ ဒါမှမဟုတ် ငါသူ့ကို နောက်တစ်ကြိမ်
တွေ့ရင် ဘယ်လိုခေါ်ရမလဲ စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေ
ရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။

လေ့လာချက်တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့အရာကို အနာဂတ်မှာ ဘယ်လို
သုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်
စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။

သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်
ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလို
ရှိတဲ့အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ။သိပ္ပံပညာရှင်တွေဟာ
ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို
ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။

ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအ
ရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း
တွေ့ရပါတယ်။

တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီး
ရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အ
ရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်
ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများ
နေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း
လုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့ အဆီများတဲ့ အဝ
စာ၊အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေ
ကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။

လေ့လာချက်တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။Chamomile Tea
ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။

အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှု
ကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အ
ယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။


                                                                                             စာဆိုစစ်သည်

စကားပြော နမူနာပုံစံ အပိုင်း (၇)

စကားပြော နမူနာပုံစံ အပိုင်း (၇)




I'm getting - ရလာသည်၊ ဖြစ်လာသည်၊ ဖြစ်နေသည်။

-   I'm getting better.
အခြေအနေ ကောင်းလာပြီ
-   I'm getting ready for bed.
အိပ်ရာဝင်ဖို့ အသင့်ဖြစ်နေပြီ
-   I'm getting a tooth ache.
သွားကိုက် လာတယ်။
-   I'm getting tired.
ပင်ပန်းနေပြီ
-   I'm getting good at reading.
စာဖတ်အား ကောင်းလာပြီ
-   I'm getting a new car.
ကားသစ် ရလာပြီ
-   I'm getting a job.
အလုပ်ရလာပြီ၊ အလုပ်ရနေပြီ

I'm trying + (verb) - ကြိုစား အားထုတ် နေသည်။

ဖော်ပြပါ ပုံစံသည် တစ်စုံတစ်ရာကို စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ အောင်မြင်မှုရစေရန်၊ ပြီးမြောက်စေရန် ကြိုးစား အားထုတ်နေသည့် အချိန်တွင် မည်သည့်ကိစ္စကို ကြိုးစားအားထုတ် ဆောင်ရွက်နေသည် တိတိကျကျ ဖော်ပြပေးနိုင်ပါသည်။

-       I'm trying to get a job.
အလုပ်တစ်ခု ရဖို့ ကြိုစားနေတယ်။
-       I'm trying to educate myself.
ပညာတတ်ဖို့ ကြိုးစားနေတယ်
-       I'm trying to understand.
နားလည်ဖို့ ကြိုးစားနေတယ်။

I’m trying to + V ပုံစံကို သတိထားရပါမည်။ ထုံးစံအတိုင်း to နောက်က infinitive verb သာရေးရပါမည်။ to နောက်တွင် မိမိသုံးသော verb အပေါ်တွင် မူတည်ကာ Obj ကို လိုအပ်လျှင် ထည့်ပေးနိုင်ပြီး မလိုအပ်ပါကလည်း ၎င်း verb ဖြင့်ပင် အဆုံးသတ်နိုင်ပါသည်။

I'm gonna + (verb) - တော့မလို့

“gonna” သည် သဒ္ဒါ စည်မျဉ်းစည်းကမ်း အရ မှားသော်လည်း စကားပြောပုံစံတွင် အသုံးများသော စကားလုံး တစ်ခု ဖြစ်ပါသည်။ “going to” နှင့် အဓိပ္ပာယ်တူပါသည်။ အကြောင်းအရာတစ်ခုခုကို လုပ်တော့မည့် အခြေအနေတွင် သုံးနိုင်ပါသည်။ သေချာသော အနာဂတ်ပုံစံကို ဖော်ပြရန်အတွက် သုံးနိုင်ပါသည်။

-       I'm gonna have some coffee.
ကော်ဖီသောက်တော့မလို့
-       I'm gonna go to work.
အလုပ်သွားတော့မလို့
-       I'm gonna stop smoking.
ဆေးလိပ် ဖြတ်တော့မလို့၊ ဆေးလိပ်သောက်တာ ရပ်တော့မလို့
-       I'm gonna take swim lessons.
ရေးကူး သင်တော့မလို့၊ ရေးကူးနည်းတွေ လေ့လာတော့မလို့
-       "I'm gonna read a book."
စာအုပ်ဖတ်တော့မလို့