09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Showing posts with label မြန်မာဟာသ. Show all posts
Showing posts with label မြန်မာဟာသ. Show all posts

Saturday, September 6, 2014

အရက်မူးသမား သုံးယောက်

The three drunk guys





အရက်မူးသမား သုံးယောက်သည် အငှါးယဉ်တစ်စီးကို ငှါးစီးကြသည်။
ယဉ်မောင်းက သူတို့သုံးယောက်လုံးအမူးလွန်သည်ကို သိ၍ တစ်ပတ်ရိုက်ဖို့ကြိုးစားရန် ကားစက်ကို ခဏတာ နိုး ၍ ပြန်ရပ်လိုက်ကာ " ရောက်ပါပြီ ခင်ဗျာ ဆင်းလို့ရပါပြီ" ဟုပြောလိုက်လေသည်။
ပထမ အမူးသမားက ကားခထုတ်ပေး၍ ဒုတိယအမူးသမားက ကျေးဇူးတင်ကြောင်းပြောလိုက်၏။
သို့သော် တတိယ အမူးသမားကမှု ကားသမားအား နောက်မှ အားဖြင့်ရိုက်လိုက်လေသည်။
ကားသမားခမျှာ သူ၏လိမ်ညာမူကို သိသွားပြီထင်သောကြောင့် အထိတ်တလန့်ဖြစ်ကာ
'' ဘာဖြစ်လို့ ရိုက်တာလဲဗျ" ဟုကြောက်ကြောက်ဖြင့်မေးလိုက်၏။
တတိယ အမူးသမားက ...ပြန်ပြောလိုက်ပုံမှာ...
'' အို ဘာဟုတ်ရမှာလဲ ...ခင်ဗျား ကားမောင်းတာဆင်ခြင်ဖို့ပေါ့ဗျာ...
  ခုခင်ဗျား မောင်းပုံက ကျူပ်တို့ ဖြင့် အရှိန်မြန်လွန်းလို့ အားလုံးသေကုန်ပြီလို့ တွက်ထားတာ" ဟုပြန်ပြောလိုက်လေသတည်း။   ။


Three drunk guys enterd a taxi. The taxi driver knew that they were drunk so he started the engine & turned it off again. Then said, "We have reached your destination". The 1st guy gave him money & the 2nd guy said "Thank you". The 3rd guy slapped the driver. The driver was shocked thinking the 3rd drunk knew what he did. But then he asked "What was that for?". The 3rd guy replied, "Control your speed next time, you nearly killed us!"



Monday, September 1, 2014

အပြင်သွားခြင်း






Going out
(While husband and wife are stepping out of the house, they hear ‘Meow’.)
Wife             : Look, the cat shoots back in. Go back inside to chase it out.
(The husband goes back inside.)
(The wife is thinking: Hum… I don’t want the taxi driver known that the house will be empty…)
Wife             : He’s just going upstairs to say goodbye to my mother.
(Then the husband comes back.)
Husband        : Sorry I took so long, the stupid thing was hiding under the bed and I had to poke her with A coat hanger to get her to come out!
(The wife is thinking: Ohhh. God… And now what the driver may be thinking!?)

အပြင်သွားခြင်း
(လင်မယားနှစ်ယောက် အိမ်အပြင်ရောက်ခိုက်’ ညောင’် ဆိုတဲ့ ကြောင်အော်သံ ကြားရတယ်။)
ဇနီး              ။ ဟော၊ ကြောင် ဝင်သွားပြန်ပြီ။ အိမ်ထဲ ပြန်ဝင်သွားပြီး မောင်းထုတ်ပစ်လိုက်စမ်းပါ။
(ယောက်ျားဖြစ်သူ အိမ်ထဲ ပြန်ဝင်သွားတယ်။)
(မိန်းမဖြစ်သူက တွေးနေတယ် “အင်း… ငါတို့ အပြင်သွားရင် အိမ်ထဲမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူးဆိုတာကို တက္ကစီဒရိုင်ဘာ မသိစေချင်ဘူး။”)
ဇနီး              ။ ကျွန်မ ယောက်ျား အိမ်အပေါ်ထပ် တက်ပြီး ကျွန်မအမေကို သွားနှုတ်ဆက်နေတယ်။
(အဲဒီနောက် ယောက်ျားဖြစ်သူ ပြန်ရောက်လာတယ်။)
ယောက်ျား။      ။ ဆောရီးပဲဟေ့၊ အတော်ကြာသွားတယ်ကွာ။ သောက်သုံးမကျတဲ့ ကောင်မက ခုတင်အောက် ဝင်ပုန်းနေတာနဲ့ ကုတ်အင်္ကျီချိတ်နဲ့ ထိုးပြီးနှင်ထုတ်လိုက်ရတယ်ကွ။
(မိန်းမဖြစ်သူ အတွေးက “ အမယ်လေး ဘုရားရေ … ကားဒရိုင်ဘာ ဘယ်လိုများ ထင်နေမလဲ မသိဘူး။”

Friday, August 29, 2014

ထန်းလျှက်နှင့် ပဲကြီးလှော်



ထန်းလျှက်နှင့် ပဲကြီးလှော်




တစ်ခါတုန်းက ….ထန်းလျှက်နဲ့ ပဲကြီးလှော်တို့ ရည်းစားဖြစ်ကြသတဲ့…….
တစ်နေ့မှာသူတို့နှစ်ယောက်က ရေကန်ဘေးမှာ ချိန်းတွေ့ကြတယ်…
ရေကန်ထဲမှာလည်းကြာပန်းတွေနဲ့ ပြည့်နေတာပဲတယ့်
ဒါနဲ့ ပဲကြီးလှော်က…..
မောင်ရယ်….မကိုချစ်ရင်လေ
ဟိုကန်လယ်က ကြာပန်းကို ခူးပေးပါနော်
ဆိုပြီး ချွဲသတဲ့…..
ဒါနဲ့ ထန်းလျှက်လည်း…..
အေးပါကွာ ငါမင်းကို ချစ်လွန်းလို့ ခူးပေးပါမယ်
ဆိုပြီး ရေထဲဆင်းသွားပါလေရော…..
ကန်လယ်ကိုရောက်လို့ ကြာပန်းခူးဖို့ လက်လှမ်းကာရှိသေး ပလုတ်ဆိုပြီး အရည်ပျော်သွားပါလေရော
ပဲကြီးလှော်ကလည်း ဒါကိုမြင်ပြီး အားရပါးရ ရယ်ပါလေရော…
သူကလည်း ရယ်ရင်းရယ်ရင်းနဲ့ အရယ်လွန်ပြီး နှစ်ခြမ်းပြဲရော……..



ဘာမှတော့မဟုတ်ပါဘူး ... ကျွန်တော်သဘောကျလို့ပါ။

 

Sunday, August 24, 2014

လွဲရက်လိုက်လေခြင်း



လွဲရက်လိုက်လေခြင်း




မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက
ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို
့ပါတဲ့လေ။

“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”

“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
သူပျော်တောင်ပျော်သွားခဲ့တယ်ဆို
ပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ
တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်
ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”

"ဗျာ"

Monday, August 18, 2014

သူ့တွက်ကိန်းတဲ့သူတော့ ဟုတ်နေတာပဲ

သူ့တွက်ကိန်းတဲ့သူတော့ ဟုတ်နေတာပဲ


စာမေးပွဲကျတဲ့ သူငယ်ချင်း တစ်ယောက်က သူစာမေးပွဲကျရတာ စာကျက်ချိန်မရလို့ပါတဲ့။ တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတော့ ဘယ်လိုလုပ်ပြီး စာကျက်ချိန်ရတော့မလဲလို့ပြောပြီး သူကသေသေချာချာ တွက်ပြပါတယ်။
""တစ်နှစ်မှာ တနင်္ဂနွေနေ့ပေါင်း ၅၂ နေ့ရှိတယ်လေ။ တနင်္ဂနွေဆိုတာက နားရက်လေ၊ ဘယ်လိုလုပ်ပြီး စာကျက်မလဲ၊ ကဲ- တစ်နှစ်မှာ ၃၆၅ ရက်ရှိတော့ ၅၂ ရက်ကို နုတ်၊ ၃၁၃ ရက် ကျန်သေးတယ်ထား""
""လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီတော့ အိပ်ပေးဖို့ လိုတယ်လေ၊ အဲဒီ့တော့ တစ်နှစ်မှာ ရက်ပေါင်း ၁၇၂ က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့ ၁၄၁ ရက်ပဲ ကျန်တော့တယ်""
""ကျန်းမာရေးအတွက် ကစားခုန်စားလုပ်ဖို့ကလဲ လိုအပ်တော့ တစ်နေ့မှာ တစ်နာရီ ကစားတယ်ဆိုရင် တစ်နှစ်မှာ ၁၅ ရက်က ကစားဖို့၊ ဒီတော့ ၁၂၆ ရက်ပဲ ကျန်တော့တယ်""
""ထမင်းစားချိန်ပေးရတာနဲ့၊ ကော်ဖီသောက်ချိန်ပေးရတာနဲ့၊ Chewing gum ၀ါးရတဲ့အချိန်တွေကိုပါ ပေါင်းလိုက်ရင် တစ်နေ့မှာ ၂ နာရီလောက် အချိန်ပေးနေရတော့ တစ်နှစ်လုံးဆိုရင် ရက်ပေါင်း ၃၀ က စားဖို့သောက်ဖို့ အချိန်ပေးလိုက်ရပြန်ရော၊ ကဲ- ဘယ်နှစ်ရက်ပဲ ကျန်တော့လဲ၊ ၉၆ ရက်ပဲ ကျန်တော့တယ်""
""လူဆိုတာက လူ့အဖွဲ့အစည်းနဲ့ နေတာဆိုတော့ တစ်နေ့ကို တစ်နာရီလောက်က စကားစမြည်ပြောရသေးတယ်၊ ဒီတော့ တစ်နှစ်မှာ ၁၅ ရက်က စကားပြောဖို့အချိန်ပေးရတယ်၊ ၈၁ ရက်ပဲကျန်တော့တယ်နော်""
""လပတ်စာမေးပွဲတွေ၊ ပထမ၊ ဒုတိယအစမ်းစာမေးပွဲတွေ၊ အစစ်ကြီးတွေနဲ့ တစ်နှစ်မှာ ၃၅ ရက်လောက်က စာမေးပွဲချည့် ဖိဖြေနေရတော့ ၄၆ ရက်ပဲ ကျန်တော့တယ်""
""နေ့ထူးနေ့မြတ်တွေကလဲ တစ်နှစ်မှာ ရက် ၄၀ လောက်ဖြစ်နေတော့ သွားပြီပေါ့၊ ၆ ရက်ပဲ ကျန်တော့တယ်""
""အအေးမိလို့ နှာစေးလို့ နားနေရတာက တစ်နှစ်လုံးမှာ ၃ ရက်ပဲ ရှိတယ်ထားဦး၊ ၃ ရက်ပဲ ကျန်တော့တယ်""
""တစ်နှစ်မှာ ၂ ရက်ပဲ ရုပ်ရှင်သွားကြည့်တယ်ထားပါ၊ ၁ ရက် ပဲကျန်တော့တယ်""
""အဲဒီတစ်ရက်ကျတော့လဲ ကျွန်တော့်မွေးနေ့ ဖြစ်နေရော၊ ကဲ- ဘယ်လိုလုပ်ပြီး စာကျက်တော့မလဲ""



ကဲ .... မှတ်ကရော

Wednesday, August 13, 2014

လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်....

 လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်....





အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်

အမျိုးသမီး-ဟင်းနော်….ထားသွားလိုက်ရမလား?

အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့

အမျိုးသမီး–တကယ် ချစ်ရဲ့ လားဟင်?

အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်

အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား

အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား

အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?

အမျိုးသား-အချိန်မရွေးပဲ

အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?

အမျိုးသား- မင်းရူးများရူးနေလားကွာ

အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?

အမျိုးသား-အင်း

အမျိုးသမီး-မောင်ရယ်…

လက်ထပ်ပြီးတဲ့အခါ…. အပေါ်က စကားလေးတွေကိုအောက်ကနေပြန်ဖတ်လိုက်ပါ...။         ။

Tuesday, August 12, 2014

ရက်စက်တဲ့ " မောင် "

" မောင် "


အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ

ပါသေးတယ်။
စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲ
ဒီနေ့က သူအင်္ကျီ
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင်သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆရာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကိုရေလာမြောင်းပေး
လုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အရှေ့စားပွဲဝိုင်းမှာထိုင်
သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမနေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့်
သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တနှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက်ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။ မောင်ဖွင့်မပြောရင်
ကျမ မောင့်ကို ချစ်ပါတယ်လို့ မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို
ကျမစောင့်နေလိုက်တယ်...ဒီနေ့မှေ
မာင်ရယ်..နောက်ကျလိုက်တာ.....
လာပါတော့....

ဟော...ဟိုမှာ...မောင်လာနေပြီ...
အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေကျ။
အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သိအောင် ဖွင့်ပြောရမယ်။

"မောင်"

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ.....ေ
မာင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"

မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ...................