09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Monday, September 29, 2014

ရှေးဦး ကမ္ဘာ့သမိုင်း အတိုချုပ် (အေဒီမတိုင်ခင် ဘီစီ ကာလများ)



ရှေးဦး ကမ္ဘာ့သမိုင်း အတိုချုပ် (အေဒီမတိုင်ခင် ဘီစီ ကာလများ) 
 

ဘီစီ ၈၀၀၀ ခန့် - တရုတ်ပြည်တွင် အိုးစလုပ်။
ဘီစီ ၇၀၀၀ ခန့် - ကျောက်သံပတ္တမြားများတွင် ကြေးနဲ့တွဲသုံး။
ဘီစီ ၆၅၀၀ ခန့် - ဆာဟာရတောင်ပိုင်း - ပထမဆုံး အာဖရိက အိုးစလုပ်။
ဘီစီ ၃၁၀၀ ခန့် - ဆူမာရီယန်များရဲ့ စာပေအရေးအသား စတင်ထွန်းကား။
ဘီစီ ၃၀၀၀ ခန့် - အီဂျစ်မှာ အရုပ်စာရေးနည်း စတင်ထွန်းကား။
ဘီစီ ၂၆၀၀ ခန့် - မက်ဆိုပိုတေးနီးယားမှာ အစောဆုံး ဖန်ပုတီး စလုပ်။
ဘီစီ ၂၅၅၀ ခန့် - အီဂျစ်တွင် ပိရမစ်များ စတင်ဆောက်လုပ်။
ဘီစီ ၂၀၀၀ ခန့် - ခရိကျွန်းတွင် မိနိုအန်တို့၏ ပုံသင်္ကေတစာရေးနည်း စပေါ်။
ဘီစီ ၁၉၀၀ ခန့် - ဘေလီလိုနီးယားတွင် ဂီလ်ဂါမက်ရှ် ကဗျာရည် မော်ကွန်း စရေး။
ဘီစီ ၁၇၈၀ ခန့် - ဟမ်မူရာဘီ၏ ကိုဓ ဥပဒေ ပြဌာန်း။
ဘီစီ ၁၆၀၀- ၁၄၀၀ ခန့် - မီနိုအန် ခရိကျွန်းတွင် အက္ခရာစဉ်ဖြင့် စာစရေး။
ဘီစီ ၁၅၀၀ ခန့် - အီဂျစ်တွင် ဖန်အိုးဖန်ခွက် စလုပ်။
ဘီစီ ၁၂၀၀ ခန့် - အိန္ဒိယတွင် ဝေဒကျမ်း ပြုစု။
ဘီစီ ၁၂၀၀ ခန့် - တမန်တော်မိုးဇက်၏ ပညတ်တော် ၁၀ ပါး။
ဘီစီ ၁၁၀၀ ခန့် - ပိုလီနီရှန်းတို့၏ စာအရေးအသား အက္ခ္ခ္ခ္ခ္ခရာ စထွင်။
ဘီစီ ၁၀၀၀ ခန့် - တရုတ် မှင်ရေးဆေးခြယ် အတတ်စတင်။
ဘီစီ ၉၀၀ ခန့် - ဂရိတွင် အပိန်၊ အဖောင်း ၊ အထု၊ အရှည် ပုံသွင်းသောအိုးများ စလုပ်။
ဘီစီ ၇၇၆ ခန့် - အိုလံပစ် အားကစားများ စတင်ကျင်းပ။
ဘီစီ ၇၅၀ ခန့် - ကဗျာဆရာကြီး ဟိုးမားက အီလီယက်နှင့် သြဒက်စီ ကဗျာကြီး ရေးသား။
ဘီစီ ၆၀၄- ၅၃၁ ခန့် - တာအိုဝါဒကို တည်ထောင်သူ တရုတ်ပညာရှိ လောက်ဇူ။
ဘီစီ ၆၀၀ ခန့် - မာယန်တို့က တစ်ကယ်လ်တွင် ဘုရားကျောင်းများ ဆောက်လုပ်။
ဘီစီ ၅၈၅ - အနောက်တိုင်းတွင် ပထမဆုံး တွေးခေါ်ပညာရှင်ဟု ယူဆရသူ သေးလိစ် က နေစင်္ကြာဝဠာ၏ လှည့်ပတ်သွားလာပုံကို စတင်ဟောကိန်းထုတ်။
ဘီစီ ၅၇၀ ခန့် - အီစွတ်ပုံပြင်များ စပေါ်။ ဂ၇ိကဗျာဆရာမ ဆပ်ဖို ကွယ်လွန်။
ဘီစီ ၅၆၃- ၄၈၃ ခန့် - သိဒ္ဓတ္ထဂေါတမ ဗုဒ္ဓဘုရား။
ဘီစီ ၅၅၁- ၄၇၉ - ကွန်ဖြူးရှပ်။
ဘီစီ ၅၅၀ ခန့် - ပါရှားတွင် ဇရသုတ္ထရ၀ါဒ ထွန်းကား။
ဘီစီ ၅၂၅- ၄၆၅ ခန့် - ဂရိပြဇာတ်ဆရာ အက်စကီးလပ်စ်။
ဘီစီ ၅၀၀ ခန့် - ဒယ်လ်ဖီတွင် ပွဲကြည့်စင်ကြီးဆောက်။
ဘီစီ ၄၉၆- ၄၀၆ - ဂရိပြဇာတ်ဆရာ ဆိုဖိုကလိစ်။
ဘီစီ ၄၈၄- ၄၀၆ - ဂရိပြဇာတ်ဆရာ ယူရီပီးဒက်စ်။
ဘီစီ ၄၂၇- ၃၄၇ - တွေးခေါ်ပညာရှင် ပလေတို၊ ဘီစီ ၃၉၇ တွင် အေသင်တွင် အကယ်ဒမီထောင်။
ဘီစီ ၃၉၉ - ဆိုကရေးတီး အဆိပ်သောက်သေရန် အပြစ်ပေးခံရ။
ဘီစီ ၃၉၅ - သူစီဒီးဒက်စ် ၏ ပေလိုပိုနီးရှန်း စစ်သမိုင်းကျမ်း ထွက်။
ဘီစီ ၃၇၂- ၂၈၉ - တရုတ်တွင် တွေးခေါ်ပညာရှင် မင်စီယပ်စ်က ကွန်ဖြူးရှပ်ဝါဒ ချဲ့ထွင်။
ဘီစီ ၃၅၀ ခန့် - အိန္ဒိယတွင် မဟာဘာရတ ကဗျာရှည် ထွက်ပေါ်။
ဘီစီ ၃၄၁- ၂၇၀ - ဂရိတွေးခေါ်ပညာရှင် အက်ပီကူးရပ်စ်။
ဘီစီ ၃၄၀ ခန့် - အရစ္စတိုတယ် ဂီတသီအိုရီများ ဖေါ်ထုတ်။
ဘီစီ ၃၃၅ - အရစ္စတိုတယ် အေသင်မြို့တွင် လိုင်ကီယွန် ပညာရေးအဖွဲ့တည်ထောင်။
ဘီစီ ၃၃၀ - မဟာအလက်ဇန်းဒါး အောင်နိုင်တန်ခိုးထွားသည့် ဟယ်လင်နစ်ခေတ်အစ။
ဘီစီ ၃၂၀ ခန့် - ဂျော်ဒန်နိုင်ငံ ပက်ထရာတွင် နာဘာတေရန် ကျောက်ဂူအတွက် ကျောက်များကိုထွင်း။
ဘီစီ ၃၀၀ ခန့် - အလက်ဇန်းဒရီးယားတွင် မဟာစာကြည့်တိုက်ကြီး ထူထောင်။
ဘီစီ ၂၅၆ - အိန္ဒိယနိုင်ငံ မောရိယအင်ပါယာတွင် ဗုဒ္ဓ၀ါဒသည် နိုင်ငံတော် ဘာသာဖြစ်လာ။
ဘီစီ ၂၅၀ ခန့် - အိန္ဒိယတောင်ပိုင်းတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကား။
ဘီစီ ၂၁၅ ခန့် - တရုတ်တွင် မဟာတံတိုင်းကြီး စတင်တည်ဆောက်။
ဘီစီ ၂၁၀ ခန့် - အိန္ဒိယမြောက်ပိုင်းတွင် မဟာယာန ဗုဒ္ဓဘာသာ ထွန်းကား။
ဘီစီ ၂၀၀ ခန့် - ဟီဗရူးကျမ်းစာမှ စာသားများပါဝင်သော ပေစာလိပ်များ ပင်လယ်သေအနီး တွေ့ရှိ။
ဘီစီ ၁၉၅- ၁၅၉ - ရောမပြဇာတ်ဆရာ တားရန့်စ်။
ဘီစီ ၁၃၆ - တရုတ်အစိုးရ ကွန်ဖြူးရှပ်ဝါဒကို လက်ခံအသုံးပြု။
ဘီစီ ၁၂၀ ခန့် - ဗီးနပ်စ်နတ်သမီး ရုပ်တု ထုဆစ်။
ဘီစီ ၇၀- ၁၉ - ရောမ ကဗျာဆရာ ဗာဂေးလ်။
ဘီစီ ၅၉- ၁၇ - အီတလီသမိုင်းဆရာ လေဗီ ရောမသမိုင်းကျမ်း ပြုစု။
ဘီစီ ၅၀ ခန့် - အိန္ဒိယတွင် ဘဂ၀ါဂီတကျမ်း ထွက်ပေါ်။
ဘီစီ ၂၄ - ဟိုးရေ့စ် ၏ ပထမဆုံး ကဗျာကျမ်း အိုဒက်စ် ထွက်ပေါ်။
ဘီစီ ၄ ခန့် - သာမန်ကာလခေတ် ၃၀ ခန့် - ယေရှုခရစ်။

                                                                     စာဆိုစစ်သည်

သင်သိပြီးပြီလား ?



သင်သိပြီးပြီလား ?
မှတ်မိကြမှာပါ ... Facebook ပေါ်က Have You Known? ဆိုတဲ့ Page လေးကိုပါ။
ဒီဆော့ဝဲလေးလုပ်နေလို့ အဲ့ဒီ့ဘက်မလှည့် ဖြစ်တာတောင် ကြာခဲ့ပြီ...။
အခုတော့ ... ပြန်လာတော့မှာပါ..။
ကဲ ..... အောက်မှာပေးထားတဲ့  (၁၀) ချက် ကို သင်သိပြီးပြီလား....?


၁ ။ Dreamt ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ ( The quick brown fox jumps over the lazy dog) ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ alphabet တွေကို အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင် ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။ မှန်တယ်မဟုတ်လား ။

၎ ။ စာလုံးတွေဖြစ်တဲ့ racecar , kayak , level တို့ဟာ ဘယ်ကနေညာဖတ်ဖတ် ညာကနေဘယ်ဖတ်ဖတ် အတူတူပါပဲ ။

၅ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ dous နဲ့ဆုံးတာ လေးလုံးပဲရှိပါတယ် ။ အဲဒါတွေကတော့ tremendous , horrendous , stupendous , hazardous တို့ပဲဖြစ်ပါတယ် ။ သင်သံသယမ
ရှိလောက်ပါဘူးနော် ။

၆ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ a e i o u ဆိုတဲ့ vowel ၅ လုံးစလုံးပါတဲ့ စကားလုံးက၂ခုပဲရှိပါတယ်။ အဲဒါတွေက တော့ abstemious နဲ့ facetious တို့ပဲဖြစ်ပါတယ် ။အံ့သြသွားပါသလား လောကကြီးမှာ ထူးဆန်းတာတွေအများကြီး ရှိပါသေးတယ် ။

၇ ။ ကီးဘုတ်က အတန်းတစ်တန်းတည်းကို အသုံးပြုပြီးရိုက်နိုင်တဲ့ အရှည်ဆုံး စကားလုံးက တစ်ခုပဲရှိပါတယ် ။ အဲဒါကတော့ TYPEWRITER ပဲဖြစ်ပါတယ် ။ သင်မယုံပါက စမ်းသပ် ရြွေငါးတစ်ကကောင်ဟာ
၈ ။ ကြောင်တစ်ကောင်ရဲ့ နားတစ်ဖက်စီမှာ ကြွက်သားပေါင်း ၃၂ ခုစီနဲ့ဖွဲ့စည်းထားပါတယ် ။

၉ ။ ရွေငါးတစ်ကကောင်ဟာ မှတ်ဥာဏ်ကြာမြင့်ချိန် ၃ စက္ကန့်ပဲရှိပါတယ် ။ ပြီးတာနဲ့သူဟာ မေ့သွားပါလေ ရော ။

၁၀ ။ jiffy ဆိုတာက တစ်စက္ကန့်ရဲ့ 1/100th အတွက် အမှန်တကယ် အချိန်ရဲ့ ယူနစ်ဖြစ်ပါတယ် ။

အခြေခံကွန်ပျူတာ အပိုင်း (၁၃) Application Software



အခြေခံကွန်ပျူတာ အပိုင်း (၁၃)  Application Software






          Application Software (App) ဆိုတာ လုပ်ငန်းခွင်သုံးဆော့ဝဲတွေပါ။ OS မှာလုပ်လို့မရတဲ့ အလုပ်တွေလုပ်ဖို့၊ လုပ်ငန်းခွင် အသီးသီးမှာ အဆင်ပြေပြေသုံးနိုင်ဖို့ ကုမ္ပဏီတွေက ထုတ်လုပ်ပေးလိုက်တဲ့ Software တွေကို ပြောတာပါ။ ဥပမာ - သင်က စာစီစာရိုက်လုပ်မယ်ဆို Microsoft Office Word ကို ကွန်ပျူတာမှာ သွင်းပြီး သုံးရမယ်။ စာရင်းဇယားလုပ်မယ်ဆို Excel ကိုသုံးရမယ်လေ။ အဲ့လို လုပ်ငန်းခွင်သုံးတဲ့ Word, Excel, Photoshop, … စတဲ့ Software တွေကို App Software တွေလို့ ခေါ်ပါတယ်။
အပြင်မှာ App Software တွေ သန်းနဲ့ချီပြီးရှိပေမယ့် သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Software တွေကို သင်ကိုယ်တိုင်ရွေးချယ် သုံးစွဲနိုင်ပါတယ်။ Free တွေ အင်တာနက်က ဒေါင်းနိုင်သလို ၀ယ်ရတာတွေရှိပါတယ်။
မှတ်ထားရမှာက App တွေဟာ တစ်မျိုးကို အလုပ်တစ်မျိုးပဲ အဓိက လုပ်ဆောင်ပေးပါတယ်။ ပြောချင်တာက စာစီစာရိုက်ဆော့ဝဲဟာ ဗွီဒီယို တည်းဖြတ်ခြင်း လုပ်လို့မရသလို ဒီဇိုင်းကောင်းကောင်းလည်း ဆွဲလို့မရပါဘူး။ စာစီစာရိုက်တော့ ကောင်းကောင်းအသုံးပြုနိုင်မှာပါ။ တစ်လမ်းသွားဆော့ဝဲတွေပေါ့။


 ကဲ ... Hardware တွေ ... OS အကြောင်း ... App အကြောင်း တီးမိခေါက်မိပြီဆိုတော့ ...
အနှစ်ချုပ်ကလေးကို တစ်ချက်ကြည့်လိုက်ပါဦး။



                                                     ရှားသူ @ ပိရမစ်

Sunday, September 28, 2014

နွားနို့ အိုးထဲက ဖားလေးနှစ်ကောင်…

နွားနို့ အိုးထဲက ဖားလေးနှစ်ကောင်…
========================
 



တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ အဲဒီဖားလေးနှစ်ကောင်က နွားနို့ ထဲမှာ ဆက်ပြီး ကူးခပ်နေတာပေါ့။ ခဏကြာပြန်တော့ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဘာမှလည်း မထူးပါဘူးဗျာ၊ ကျွန်တော်တော့ အရမ်းမောနေပြီဗျာ၊ ကျွန်တော်တော့ ဆက်မကူးခပ်နိုင်တော့ဘူး၊ နွားနို့ ထဲ နှစ်ရင်လည်း နှစ်ပါစေတော့ဗျာ။ ဒီနေ့ က တနင်္ဂနွေနေ့ ဆိုတော့ ဘယ်သူကမှ အလုပ်ကိုလာမှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တော့ မျှော်လင့်ချက်မရှိတော့ပါဘူးဗျာ၊ ဒီကနေလည်း ထွက်နိုင်တော့မှာ မဟုတ်ပါဘူးဗျာ” လို့ ပြောပြန်တော့ ဂျပိန်ဖားလေးက “အားတင်းထား ပါကွာ၊ ဆက်ပြီးတော့ ကူးနေစမ်းပါ၊ တစ်ခုခုတော့ ဖြစ်လာမှာပေါ့၊ ကူးထား၊ ကူးထား” လို့ ပြန်ပြောတယ်။ ဒီလိုနဲ့ အချိန်နာရီ တော်တော်ကုန်သွားတယ်။ နောက်တစ်ခါ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ကျွန်တော်တော့ ဆက်ပြီး မကူးနိုင်တော့ဘူး။ ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ နွားနို့ ထဲ နှစ်သေမှာပဲ၊ ဘာလို့ ကူးနေရဦးမှာလဲဗျာ” လို့ ပြောပြီး ဆက်မကူးတော့ပဲ ရပ်လိုက်တယ်။ ဖားဝတုတ်လေး က နောက်ဆုံးတော့ အရှုံးပေးလိုက်တယ်။ ဒါနဲ့ ပဲ သူဟာ နွားနို့ ထဲကို နှစ်ပြီး သေသွားတယ်။ ဂျပိန်ဖားလေးကတော့ ဆက်ပြီး ကူးခပ်နေတယ်။ ဆယ်မိနစ်လောက်လဲကြာရော ဂျပိန်ဖားလေးက သူ့ ခြေထောက်အောက်မှာ ခပ်မာမာ အရာတစ်ခုကို စမ်းမိလိုက်တယ်။ သူဟာ နွားနို့ တွေကို ထောပတ် ဖြစ်သွားအောင် ကူးခပ်ခြင်းအားဖြင့် မွှေလိုက်တာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီ ထောပတ်ကို ထောက်ပြီး အားယူပြီး အိုးထဲကနေ အပြင်ရောက်အောင် ခုန်ထွက်သွားနိုင်ခဲ့တယ်။
ထို့အတူပဲ ဘ၀မှာလည်း အခက်အခဲတွေကြုံရင် ရုန်းထွက်နိုင်တဲ့ နည်းလမ်းဆိုတာကို ရုန်းကန်မှုထဲကသာ ရှာဖွေတွေ့ ရှိနိုင်မှာပါ။ ဒါကြောင့် နောက်ဆုံးအချိန်အထိအားမလျှော့ပဲ ဆက်လက် ရုန်းကန်ကြိုးစားကြရမည်မဟုတ်ပါလား။ 

                                                                                         < .... စာဆိုစစ်သည် ....!>

မူရင်းကိုပါထည့်ပေးလိုက်ပါတယ်။ မူရင်းနဲ့ တော်တော်ကွာနေမှာပါ။
စာဖတ်သူနဲ့ အခြေခံလေ့လာနေသူတွေအတွက် ဖတ်ကောင်းအောင် တမင်ကွန့်ထားတာပါ။
တိတိကျကျကြီးပြန်ရင် ပေးချင်တာလေး အပြည့်မရမှာ စိုးလို့ပါ။

Two Frogs

Two frogs fell in a can of cream
Or so I heard it told
The sides of the can were shiny and steep
The cream was deep and cold.

O what's the use, croaked frog number one
Too straight; no help's around
Goodbye my friends, goodbye fair world!
And weeping still, he drowned.

But number two, of sterner stuff,
Dog-paddled in surprise.
And while he wiped his creamy face,
And dried his creamy eyes,

I swim a while, at least, he said
Or so, I've heard, he said
It really won't help the world
If one more frog were dead

An hour or two he kicked and swam
Not once he stopped to mutter.
But he kicked and kicked and swam
and kicked and hopped out via butter


မူရင်းရေးသားသူကိုတော့ ရှာမတွေ့တော့ပါဘူး။
                                                                          < .... စာဆိုစစ်သည် ....!>
 

အရောင်များ ( Colours )

အရောင်များ ( Colours )



အဖြူရောင်

အနီရောင်

အပြာရောင်

အ၀ါရောင်

အစိမ်းရောင်

အနက်ရောင်

အညှိရောင်

လိမ္မော်ရောင်

မီးခိုးရောင်

ပန်းရောင်

ခရမ်းရောင်

ခရမ်းရင့်ရောင်

မဲနယ်ရောင်

နက်ပြာရောင်

စိမ်းပြာ

ခရမ်းပြာ

ကြက်သွေးရောင်

ဆင်စွယ်ရောင်

ချောကလက်ရောင်

ကာကီရောင်

အရောင်နု

( အပြာ၊အစိမ်း၊အ၀ါ)

အရောင်ရင့်

(အပြာ၊အစိမ်း၊အ၀ါ)

နီညိုရင့်၊ရောဂီ

နီညိုရောင်

ဖက်ဖူးရောင်

ထုံးခြောက်ရောင်

ပင်နီရောင်

ရွှေအိုရောင်

White

Red

Blue

Yellow

Green

Black

Brown

Orange

Grey

Pink

Purple

Violet

Indigo

Blue black

Bluish green

Purple blue

Scarlet

Ivory

Sepia

Khaki

Light colour

Light blue/light green)

 Dark colour

( dark blue/dark green )

Auburn

Maroon

Light – green

Ochre

Pinny

Deep -golden


ကဲ ဒီ့ထက်ပို စုံစုံလင်လင် သိချင်ရင် အောက်က ပုံလေး ယူထားလိုက်ပါဦး ...


                                                                                          Shar Thu @ Pyramid











ဝန်ကြီးဌာနများ ( MINISTRIES )


ဝန်ကြီးဌာနများ ( MINISTRIES )


အချစ်ဆုံးသူငယ်ချင်း ကတောင်းဆိုလို့ တင်လိုက်ပါပြီ။ ကဲ ... လုပ်လိုက်ကြဦးနော်။
  • ကာကွယ်ရေးဝန်ကြီးဌာန                                         Ministry of Defence
  • တပ်မတော်ရေးရာဝန်ကြီးဌာန                                   Ministry of Military Affairs
  • လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန            Ministry of Agriculture and Irrigation
  • အမှတ်(၁) စက်မှုဝန်ကြီးဌာန                                    Ministry of Industry 1
  • အမှတ်(၂) စက်မှုဝန်ကြီးဌာန                                    Ministry of Industry 2
  • နိုင်ငံခြားရေးဝန်ကြီးဌာန                                          Ministry of Foreign Affairs
  • အမျိုးသားစီမံကိန်းနှင့်                                              Ministry of National Planning and
    စီးပွားရေးဖွင့်ဖြိုးတိုးတက်မှု ၀န်ကြီးဌာန                         Economic Development
  • ပို့ဆောင်ရေး ၀န်ကြီးဌာန                                          Ministry of Transport
  • အလုပ်သမား ၀န်ကြီးဌာန                                         Ministry of Labour
  • သမ၀ါယမ ၀န်ကြီးဌာန                                            Ministry of Cooperatives
  • ရထားပို့ဆောင်ရေး ၀န်ကြီးဌာန                                  Ministry of Rail Transportation
  • စွမ်းအင်ဝန်ကြီးဌာန                                                Ministry of Energy
  • ပညာရေးဝန်ကြီးဌာန                                               Ministry of Education
  • ကျန်းမာရေးဝန်ကြီးဌာန                                             Ministry of Health
  • စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန                        Ministry of Commerce
  • ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန                       Ministry of Hotels and Tourism
  • ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန                       Ministry of Telecommunications,
                                                                                        Post and Telegraphs
  • ဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန                                             Ministry of Finance and Revenue
  • သာသနာရေး ၀န်ကြီးဌာန                                                     Ministry of Religious Affairs
  • ဆောက်လုပ်ရေး ၀န်ကြီးဌာန                                                 Ministry of Construction
  • သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန                                               Ministry of Science and Technology
  • ယဉ်ကျေးမှု ၀န်ကြီးဌာန                                                         Ministry of Culture
  • လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန                     Ministry of Immigration and
                                                                                         Population
  • ပြန်ကြားရေးဝန်ကြီးဌာန                                                       Ministry of Information
  • လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန                                                  Ministry of Electric Power
  • အားကစား ၀န်ကြီးဌာန                                                        Ministry of Sports
  • သစ်တောရေးရာ ၀န်ကြီးဌာန                                                 Ministry of Forestry
  • ပြည်ထဲရေးဝန်ကြီးဌာန                                                        Ministry of Home Affairs
  • သတ္ထုတွင်းဝန်ကြီးဌာန                                                         Ministry of Mines
  • မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန                                       Ministry of Livestock and Fisheries
  • လူမှုဝန်ထန်းကယ်ဆယ်ရေးနှင့်                                              Ministry of Social Welfare, Relief and
    ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန                                      
    Resettlement
  • နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ                                   Ministry for Progress of Border Areas
    ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန                  
    and National Races and Development
                                                                                        Affair
  • နိုင်ငံတော် အေးချမ်းသာယာရေးနှင့်                                         Office of the Chairman of the state
    ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး                                                  
    Peace and Development Council
  • ၀န်ကြီးချုပ်ရုံး                                                                     Office of Prime Minister

                                                                                                      ရှားသူ @ ပိရမစ်