09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Showing posts with label စာတိုပေစ. Show all posts
Showing posts with label စာတိုပေစ. Show all posts

Saturday, September 13, 2014

အသဲကွဲသူများသို့ .. သင်အသဲကွဲတယ်ဆိုတာ သေချာပြီလား?



 အသဲကွဲသူများသို့ .. သင်အသဲကွဲတယ်ဆိုတာ သေချာပြီလား?






ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်
တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ် တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန် တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်း အရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်ေ တွရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။


***********************

" ညီမလေးတစ်ယောက် အသဲကွဲနေသည် " ဆိုလို့တင်လိုက်တာပါ။

အသဲကွဲလို့ ဘယ်လောက်စိတ်ညစ်ညစ်
ပြုံးဖြစ်အောင်တော့ ပြုံးပါ။

တစ်ခုသတိထားရမှာက
ကိုယ်ဆုံးရှုံးလိုက်ရတာက .... ကိုယ့်ကို မချစ်တဲ့သူ
သူဆုံးရှုံးလိုက်တာက .... သူ့ကို အရမ်းချစ်တဲ့ ကိုယ့်ကို " ... ဆိုတာလေးပါ။
                                                                                        ရှားသူ

Friday, August 8, 2014

အဌာရသဆယ်ရှစ်ရပ်

 အဌာရသဆယ်ရှစ်ရပ်

http://chitnge.com/wp-content/uploads/2012/10/king-myanmar.jpg


အရင်တုန်းက မင်းညီမင်းသားတွေ အရွယ်ရောက်လာပြီဆိုရင် အဌာရသဆယ်ရှစ်ရပ်ကို သင်ကြားရပါတယ်။ ဘာတွေလဲဆိုတာတော့ အောက်မှာပါ

1 အကြားအမြင်သုတအတတ်
2 ဓမ္မသတ်အတတ်
3 သင်္ချာဆိုင်ရာအတတ်
4 စူး၊ ဆောက်အစရှိတဲ့ ဗိသုကာအတတ်
5 လောကနိတိအတတ်
6 ယတြာအတတ်
7 ကဗျာလင်္ကာ၊ဂီတ အတတ်
8 လက်ပစ်အတတ်
9 လေးမြှားအတတ်
10 စကားဟောင်းရှေးကျမ်းဂန်အတတ်
11 ဆေးပညာအတတ်
12 ရယ်ရွှင်ဖွယ်အတတ်
13 ဗေဒင်အတတ်
14 လှည့်ပတ်ဖြားယောင်းတတ်သော မာယာအတတ်
15 ဆန်ကျမ်းအတတ်
16 သံတမန်အတတ်
17 မန္တာန်အတတ်
18 သဒ္ဒါတတ်ကျွမ်းမှုအတတ်

Sunday, August 3, 2014

ညနေစာကို မိသာစု စုံလင်စွာဖြင့် ထမင်းစားပါ

ညနေစာကို မိသာစု စုံလင်စွာဖြင့် ထမင်းစားပါ 

http://cdn1-www.momtastic.com/assets/uploads/2013/08/file_175395_0_Family_Dinner.jpg 

(၁) ထမင်းနဲ့ ဟင်းများ အလေအလွင့်နည်းခြင်း  

တစ်ယောက်နဲ့ တစ်ယောက်ခွဲပြီး စားတာနဲ့ စာရင် မိသားစုတွေ စုံစုံလင်လင် ထမင်းစားတာက ထမင်းနဲ့ ဟင်းတွေကို အလေအလွင့် သက်သာစေမှာ မလွဲပါဘူး။


(၂) မိသားစုစည်းလုံးမူရှိခြင်း
မိသားစုတွေ စုံလင်စွာ ထမင်းစားတဲ့ အခါမှာ စကားပြောဖြစ်ခြင်း တစ်ယောက်မှာ ရှိတဲ့ ပြဿနာကို အတူတကွ ဖြေရှင်းပေးနိုင်ခြင်း တိုင်ပင်ဆွေနွေးမူ ရှိခြင်းနဲ့ မိသားစု စည်းလုံးမူတွေကိုပါ ရရှိစေမှာ မလွဲပါ။

(၃) ပိုမိုပြီးစားကောင်းခြင်း
ဟင်းကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ မိသားစုတွေ စုံလင်စွာဖြင့် စားတဲ့ အခါမှာ တစ်ယောက်တည်း စားတာထက် ပိုမိုပြီး စားကောင်းစေမှာ မလွဲပါ။

(၄) မိသားစုတွေပျော်ရွှင်ဖွယ်ရရှိခြင်း
မိသားစုတွေ စုံလင်စွာ ထမင်းစားခြင်းဟာ ယခု ထက်ပိုမိုပြီး သင်တို့ မိသားစုကို ပျော်ရွှင်စေမှာ မလွဲပါ။ တစ်နေ့တာ အတွက် နံနက်စာ နေ့လယ်စာ ညစာ သုံးခုရှိတဲ့ အထဲမှ သင့်တို့ မိသားစု အတွက် ဖော်ပြပါ အချက်တွေကို ရရှိစေရန် ညနေစာကို မိသားစု စုံလင်စွာ ထမင်းစားဖို့ကိုတော့ မမေ့ပါနဲ့။

 

@ ဆိုတာဘာလဲ -

@ ဆိုတာဘာလဲ -

အီးမေးလ်လိပ်စာများမှာပါတဲ့ အင်္ဂလိပ်အက္ခရာ အေ ကို ၀ိုင်းထားတဲ့ ဟာလေးကို ခေါ်ကြတာတော့။ @ " at sign" ဖြစ်ပါတယ်။ ဒါပေမယ့် သူမှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။ ဘာပုံနှိပ်စက်များမှ မပေါ်ခင်မှာ ဟိုးအရင်တုန်းကပေါ့ စာသမားပေသမားများဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးကြပြီဆိုရင် လက်ကိုဘဲ အသုံးပြုကြရတယ်။ အဲ့ဒီ အခါမှာ အင်္ဂလိပ်စာလုံးကို ရေးတဲ့ အခါ အတွန့်အတက်တွေနဲ့ပေါ့ ။ ကျွန်တော်တို့ မြန်မာလိုဆို ပန်းစာလုံးပုံစံမျိုးလေးတွေပါ။ လှလှပပပေါ့။ အဲ့လို ရေးတဲ့ အခါမှာ at ဆိုတဲ့စာလုံးကို အတွန့် အတက်များနဲ့ ရေး တဲ့
အခါ a ကို ရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲ a ကနေ တဆက်တည်း ပြန်ဝိုင်းလိုက်တယ်။ at ဟာ အများသုံးစာ လုံးဖြစ်တာကတစ်ကြောင်း သူ့ကို ဒီအတိုင်းရေးရင် ( a + ထောင်လျက်+အချောင်း+ မျဉ်းတို) လို့ သုံးကြိမ် ရေးရတာကို တကြိမ်တည်း နဲ့ ရေးလိုက်ရာကနေ ပုံသေစာလုံး တစ်လုံးဖြစ်လာလို့ဆိုကြပါတယ်။
နောက်တခါ ဗဟုသုတအနေနဲ့ ပြောပြချင်တာကတော့ တခြား နိုင်ငံခြား နည်းပညာသိပ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေမှာ ဆိုရင် အဲ့ဒီ သင်္ကေတကို ထူးခြားတဲ့ သင်္ကေတအဖြစ် အမှတ်အသားထားကြတယ်။ အချို့က တိရစ္ဆာန် ငယ်ကလေးများဖြင့် တင်စားလို့ အမှတ်အသား ပြုကြပါတယ်။ ဥပမာ ရေးရရင်-
တရုတ် - (xiao laoshu) ကြွက်ကလေး (သို့) ကြွက်သင်္ကေတ ၊
ရုရှား- (sobachaka) - ခွေးသေးသေးလေး
ပိုလန်- (atka) မျောက်၊ ဟန်ဂေရီကတော့ (kukac) တီကောင် ၊ ကိုရီးယားတွေက (daseul-gi) - ခရု ၊ ပြင်သစ်တို့ကတော့ တစ်မျိုးခေါ်တယ်။ ( escargot) ပက်ကျိ ၊ သို့မဟုတ် ( queue de singe , a dans le rond) မျောက် ၊ ဂျာမန်ကတော့ ( klammeraffe) တွဲလွဲခိုနေတဲ့ မျောက်ကလေး ၊ ဟော်လန်ကတော့ (apen-staartje) မျောက်အမြီး ဆိုပြီး အသီးသီးချစ်စနိုးနဲ့ခေါ်ကြတယ်။

နောက်တစ်ခု အီးမေးလ်တွေ မတွင်ကျယ် မသုံးခင်ကတည်းက။ @ သင်္ကေတကို ပစ္စည်းများရဲ့ အလေးချိန်သတ်မှတ်ရာမှာလဲ အသုံးပြုခဲ့ကြတယ်။ ဥပမာ- ငှက်ပျောသီး ၁၀ လုံးကို ဒေါ်လာ ၅ ဒေါ်လာနဲ့ဝယ်တယ်ဆိုရင် တော့ - ငှက်ပျောသီး ၁၀လုံး @ $ ၁၀ လို့ ရေးကြတယ်။
ဒါလောက်ပါဘဲ။ ကွန်ပျူတာဆိုင်ရာ ဗဟုသုတတွေ များများရကြပါစေ