09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Pyramid

ICT Training Center

Showing posts with label ရသစာပေ. Show all posts
Showing posts with label ရသစာပေ. Show all posts

Sunday, September 28, 2014

နွားနို့ အိုးထဲက ဖားလေးနှစ်ကောင်…

နွားနို့ အိုးထဲက ဖားလေးနှစ်ကောင်…
========================
 
တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ အဲဒီဖားလေးနှစ်ကောင်က နွားနို့ ထဲမှာ ဆက်ပြီး ကူးခပ်နေတာပေါ့။ ခဏကြာပြန်တော့ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဘာမှလည်း မထူးပါဘူးဗျာ၊ ကျွန်တော်တော့ အရမ်းမောနေပြီဗျာ၊ ကျွန်တော်တော့ ဆက်မကူးခပ်နိုင်တော့ဘူး၊ နွားနို့ ထဲ နှစ်ရင်လည်း နှစ်ပါစေတော့ဗျာ။ ဒီနေ့ က တနင်္ဂနွေနေ့ ဆိုတော့ ဘယ်သူကမှ အလုပ်ကိုလာမှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တော့ မျှော်လင့်ချက်မရှိတော့ပါဘူးဗျာ၊ ဒီကနေလည်း ထွက်နိုင်တော့မှာ မဟုတ်ပါဘူးဗျာ” လို့ ပြောပြန်တော့ ဂျပိန်ဖားလေးက “အားတင်းထား ပါကွာ၊ ဆက်ပြီးတော့ ကူးနေစမ်းပါ၊ တစ်ခုခုတော့ ဖြစ်လာမှာပေါ့၊ ကူးထား၊ ကူးထား” လို့ ပြန်ပြောတယ်။ ဒီလိုနဲ့ အချိန်နာရီ တော်တော်ကုန်သွားတယ်။ နောက်တစ်ခါ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ကျွန်တော်တော့ ဆက်ပြီး မကူးနိုင်တော့ဘူး။ ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ နွားနို့ ထဲ နှစ်သေမှာပဲ၊ ဘာလို့ ကူးနေရဦးမှာလဲဗျာ” လို့ ပြောပြီး ဆက်မကူးတော့ပဲ ရပ်လိုက်တယ်။ ဖားဝတုတ်လေး က နောက်ဆုံးတော့ အရှုံးပေးလိုက်တယ်။ ဒါနဲ့ ပဲ သူဟာ နွားနို့ ထဲကို နှစ်ပြီး သေသွားတယ်။ ဂျပိန်ဖားလေးကတော့ ဆက်ပြီး ကူးခပ်နေတယ်။ ဆယ်မိနစ်လောက်လဲကြာရော ဂျပိန်ဖားလေးက သူ့ ခြေထောက်အောက်မှာ ခပ်မာမာ အရာတစ်ခုကို စမ်းမိလိုက်တယ်။ သူဟာ နွားနို့ တွေကို ထောပတ် ဖြစ်သွားအောင် ကူးခပ်ခြင်းအားဖြင့် မွှေလိုက်တာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီ ထောပတ်ကို ထောက်ပြီး အားယူပြီး အိုးထဲကနေ အပြင်ရောက်အောင် ခုန်ထွက်သွားနိုင်ခဲ့တယ်။
ထို့အတူပဲ ဘ၀မှာလည်း အခက်အခဲတွေကြုံရင် ရုန်းထွက်နိုင်တဲ့ နည်းလမ်းဆိုတာကို ရုန်းကန်မှုထဲကသာ ရှာဖွေတွေ့ ရှိနိုင်မှာပါ။ ဒါကြောင့် နောက်ဆုံးအချိန်အထိအားမလျှော့ပဲ ဆက်လက် ရုန်းကန်ကြိုးစားကြရမည်မဟုတ်ပါလား။ 

                                                                                         < .... စာဆိုစစ်သည် ....!>

မူရင်းကိုပါထည့်ပေးလိုက်ပါတယ်။ မူရင်းနဲ့ တော်တော်ကွာနေမှာပါ။
စာဖတ်သူနဲ့ အခြေခံလေ့လာနေသူတွေအတွက် ဖတ်ကောင်းအောင် တမင်ကွန့်ထားတာပါ။
တိတိကျကျကြီးပြန်ရင် ပေးချင်တာလေး အပြည့်မရမှာ စိုးလို့ပါ။

Two Frogs

Two frogs fell in a can of cream
Or so I heard it told
The sides of the can were shiny and steep
The cream was deep and cold.

O what's the use, croaked frog number one
Too straight; no help's around
Goodbye my friends, goodbye fair world!
And weeping still, he drowned.

But number two, of sterner stuff,
Dog-paddled in surprise.
And while he wiped his creamy face,
And dried his creamy eyes,

I swim a while, at least, he said
Or so, I've heard, he said
It really won't help the world
If one more frog were dead

An hour or two he kicked and swam
Not once he stopped to mutter.
But he kicked and kicked and swam
and kicked and hopped out via butter

မူရင်းရေးသားသူကိုတော့ ရှာမတွေ့တော့ပါဘူး။
                                                                          < .... စာဆိုစစ်သည် ....!>
 
Friday, September 26, 2014

ဘ၀ မြေသြဇာ

ဘ၀ မြေသြဇာ 

တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက် မသန်မစွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။

တစ်ခုသော နွေဦးပေါက်တွင် သူ၏ဖခင်သည် အိမ်နီးချင်း မိတ်ဆွေထံမှ ရခဲ့သော သစ်ပင်ပျိုးပင်များကို သားသမီးများအား တစ်ယောက်တစ်ပင်စီ ခွဲဝေပြီး အိမ်နောက်တွင် စိုက်ပျိုးစေခဲ့သည်။ ပျိုးပင်ကို အကောင်းဆုံး အရှင်သန်ဆုံး စိုက်ပျိုးနိုင် သူအား ဆုချမည်ဟုလည်း ကြေညာခဲ့သည်။

ဖခင်ပေးမည့် ဆုအား သူလည်း လိုချင်ခဲ့သည်။ သို့သော် တခြားသူများက ပျိုးပင်ကိုယူပြီး အားရ၀မ်းသာ စိုက်ပျိုးနေချိန်တွင် သူ့စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ မကောင်းသော အတွေးတချို့ဝင်ခဲ့သည်။ ကိုယ်စိုက်ပျိုးသောပျိုးပင် အမြန်ဆုံး ညိုးနွမ်း သေဆုံးသွားရန်သာ သူ မျှော်လင့်ခဲ့သည်။ သို့နှင့် အပင်ကို ရေ တစ်ခါ နှစ်ခါ လောင်းပြီး နောက်ပိုင်း သူလှည့်ပင် မကြည့်ခဲ့မိပေ။

ရက်အတန်ငယ် ကြာသောအခါ စိုက်ထားသော အပင်အား သူ သွားရောက် ကြည့်ခဲ့ပြန်သည်။ ထူးဆန်းစွာ အပင်မှာ မညိုးနွမ်း မသေဆုံးသည့်အပင် ရွက်နုများပင် ထွက်လို့လာသည်။ တစ်ခြားအပင်များထက်ပင် ပိုရှင်သန်နေသည်ကို အံ့သြစွာ သူတွေ့လိုက်မိသည်။

ဖခင်မှာ ဂတိအတိုင်း သူကြိုက်သော ဆုကိုပေးခဲ့ပြီး သူအား “သားစိုက်ထားတဲ့ အပင်ကို ကြည့်ခြင်းအားဖြင့် သားဟာ ကြီးလာရင် ရုက္ခဗေဒပညာရှင် တစ်ဦးဖြစ်လိမ့်မယ်”ဟု အားပေးစကား ပြောခဲ့သည်။

ထိုနေ့မှစ၍ သူသည် တဖြေးဖြေး ပျော်ရွှင်လာခဲ့သည်။ တစ်ယောက်တည်း ထီးထီးမနေတော့ဘဲ အခြားလူများနှင့် ၀င်ဆန့်ရဲလာခဲ့သည်။ တစ်ညတွင် သူသည် အိပ်မပျော်သောကြောင့် ပြုတင်းပေါက်ကိုဖွင့်ပြီး လှပသော လရောင်ကို ခံစားရင်း ဇီဝဗေဒဆရာပြောခဲ့သော “ အပင်တွေဟာ အများအားဖြင့် ညမှာ ရှင်သန် ကြီးထွားကြတယ်” ဟုသော စကားတစ်ခွန်းကို သတိရလာမိသည်။ သို့နှင့်သူသည် မိမိစိုက်ခဲ့သော အပင်အား သွားရောက် ကြည့်ရှုလိုခဲ့သည်။

အိမ်နောက်ရှိ သစ်ပင်နားရောက်ခါနီးတွင် လူရိပ်တစ်ခုကို တွေ့လိုက်မိသည်။ ထိုသူမှာ ဖခင်ဖြစ်ပြီး မိမိစိုက်ခဲ့သော အပင်အား တူးဆွပြီး အပင်ခြေရင်းကို မြေသြဇာများဖြင့် ဖို့ပေးနေသည်ကို သူတွေ့လိုက်မိသည်။

ဖခင်၏လုပ်ရပ်ကို ကြည့်ပြီး အရာအားလုံးကို သူ သဘောပေါက်သွားမိသည်။ သူစိုက်ပျိုးပြီး ညိုးနွမ်းသေဆုံး စေချင်သောအပင် ရှင်သန်နေခြင်း၏ အကြောင်းရင်းကို သူသိသွားမိသည်။ အိပ်ခန်းသို့ သူ တိတ်တဆိတ် လှည့်ပြန်လာပြီး တစ်ညလုံး သူ ငိုကြွေးခဲ့မိသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ။ ထိုခြေမသန်မစွမ်းသော ကလေးမှာ ရုက္ခဗေဒပညာရှင် တစ်ဦး ဖြစ်မလာခဲ့ပါ။ သို့သော် သူသည် အမေရိကန်၏ သုံးဆယ့်နှစ်ဦးမြှောက် သမတ္တကြီးဖြစ်လာခဲ့သည်။ သူ့အား တွန်းလှည်းပေါ်တွင် ထိုင်နေသော ပဲ့ကိုင်သူ အဖြင့်လည်း တင်စားကြသည်။ သူ၏ အမည်မှာ Franklin D. Roosevelt ဖြစ်သည်။

မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲ ဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင် ရှင်သန်စေပါတယ်။

Tuesday, September 23, 2014

မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ?

မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ? 

ရာစုနှစ်ဝက်တစ်ခုကို အတူတူဖြတ်ကျော်လာခဲ့ကြတဲ့ အဘိုးအဘွားအိုလင်မယားနှစ်ယောက်
ညအိပ်ရာမဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံးစကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"။

ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့သလဲလို့ တခြားလူကမေးတော့ အဘိုးအိုက ပြောတယ်။

... "ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က နောက်တစ်နေ့မနက်မှာ လုံးဝ နိုးမလာခဲ့တော့ဘူးဆိုရင် ကျွန်တော်တို့ကြားမှာ အချင်းချင်းကျန်ခဲ့မယ့်
နောက်ဆုံးစကားက အဲဒီစကားဖြစ်နေမှာပဲ"

တကယ်တော့ အသက်အိုမင်းမှ မဟုတ်ပါဘူး.. လူဆိုတာ အချိန်မရွေးသေဆုံးနိုင်ပါတယ်။ မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ?

အိမ်ပြင်မထွက်ခင် ဂရုစိုက်တဲ့စကား
အိပ်ရာမဝင်ခင် ကြင်နာတဲ့စကား
မခွဲခွာခင် ချစ်ခင်နှစ်လိုတဲ့စကား
ဘယ်စကားတစ်ခွန်းက နောက်ဆုံးစကားဖြစ်မယ်မှန်း ဘယ်သူမှမသိခဲ့ကြသလို
ဘယ်သူကမှလည်း နောက်ဆုံးစကားတစ်ခွန်းကို နားဝင်မချိုတဲ့ဒေါသစကား ဖြစ်စေချင်ခဲ့ကြမှာ မဟုတ်ပါဘူး။

သားကိုမသတ်ပါနဲ့ မေမေ ရယ်

သားကိုမသတ်ပါနဲ့ မေမေ ရယ် 

မေမေ.....မေမေ.... မေမေ..

မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိ၇ှာမှာတုံး ။သားက

အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့

သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်

နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။

သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ

မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။

အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ

မေမေရဲ. ။

သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။

"ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ.

သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား

ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..

သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ်

.မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။ မေမေ

သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။

သားကတိပေးပါတယ် မေမေရယ်...

ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ. ...

အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ

အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် ...

ဟောဗျာ ... ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ

သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေတယ်နော်

... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြငရတယ် မေမေ..။

အဲ့အပြုံးလေးတွေ ဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..

အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်...

အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။

မေမေက အရမ်းကို

စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက

မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး ။

မေမေ့ရေ လုပ်ပါဦး ဖေဖေ့ က စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ ..

သားကြောက်လာပြီနော် မေမေရယ်...

တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??

ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သားသိပြီ

ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့

စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေအကြောင်း

ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။

အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ

မေမေရယ် ။ နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ

နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..

ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်..

ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..

မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ...

သားက တော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..

သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..

ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..

အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ

အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။ ဖေဖေ က

မေမေ့ကို " တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်"

လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။

သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်သေးလဲဟင် ..

သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..

မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။ မေမေလေ

ဖွားဖွားနဲ. Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်တယ်လေ .. မေမေ့ဗိုက်လေး

ပူလာတော့ အကျီ်တွေ မတန်တော့ လို.လားဟင် ?

မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက

အချိုမြိန်ဆုံးပါပဲဗျာ ... နားထောင်လို.ကို မ၀ဘူး မေမေရယ် ..

မေမေ။ သားကို စောင့်နေနော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ

အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို

သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။

မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ ..

သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင်

သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ

.. မေမေနဲ. သားနဲ. ကစားနေတာလေ ..။

ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ

အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့

ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ. ဖေဖေ စကားတွေ

များကြတယ်လေ ..

သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက်

.. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ ရဘူး ..

သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ.ကို လူကောင်းလို.

ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို

သူရိုက်တယ်လေ။ ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူက

သားကိုဘာလို. မုန်းနေတာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို

ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို.ပါဗျာ ... ။

"မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို

ဘာမှလဲ မပြောဘူးနော်..

မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ

အခုဆို မေမေ ဖေဖေနဲ. တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး

သားကိုဘာမှမပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ

သားကိုဂရုမစိုက်တော့ဘူး ။

မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?

ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..

သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို.လဲဆိုတော့ မေမေက

အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို.

သားခံစားရတယ် မေမေရယ်...။

ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိးနေတဲ့ အချိန်မှာ ဘာလို.

အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို . မလုပ်တော့တာလဲ

မေမေရယ် .. သားငို ချင်လာပြီနော်.. ။

သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ. ။ မေမေ သားအတွက ဂုဏ်မယူ ဘူးလားဟင်

..?? သားတို. ဒီနေ. နေရာသစ်ကို

သွားမယ်လို. မေမေနဲ. ဖွားဖွား ပြောနေသံကြားတယ် .. သားတော့

အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ.တော့ ...

အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ

သိချင်ပါဘူးလေ ။ မေမေနဲ. တူတူ၇ှိနေရင် သားပျော်ပါတယ် မေမေရယ်...။

သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေ၇ှိတဲ့ နေရာမလား ? မေမေ့ကို

သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခု

သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ်

မေမေရယ်..စိတ်လဲလှုပ်ရှားနေတယ်

ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ ...။

မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံ

တွေမြန်လာသလိုပဲနော်..။မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သား

လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။

သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သားကြောက်လာပြီ

မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့

စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ ။ တောင်းပန်ပါတယ်

မေမေရယ် .. ပြောပါ ပြောပါ။

သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။

မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး

..သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..

မေမေ့.. သားနာလို.ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါ

မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...

မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်..

နော်.............................

/\iv./\iv./\iv./\iv/\iv./\iv/\iv...../\iv ....

______________________________________ (Heart Beats)

မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ

နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက မေမေ

ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့ (Abortion )

မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကိ

ုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?

မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..

သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ မေမေရယ်.. ။

မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို

ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို. သားထင်ထားတာပါ

မေမေရယ်..။ သူတို. သားလေ လူ.ဘ၀ကို ရောက်ချင်တယ် မေမေရယ်။ ဒီဘ၀မှာ

မနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို

ပညာရှင်ကြီးဖြစ်အောင်ကြိုးစားပြိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့

သားမဖြစ်ချင်တော့ဘူး ၊ သား မုန်းသွားပြီ )

မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

သားလေ မေမေမျက်နှာကို အဝေကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် ..

သား အမေ့ကို နမ်းချင်တယ်..

မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ညဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် ...

သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..

သာဆန္ဒ တွေ ဘာလို. မဖြစ်လာရတာလဲဟင်...

သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??

သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..

သား အမေ့အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာ၇ှိရင်

တောင်းပန်ပါတယ် မေမေရယ်..

ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...

သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး

"သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "

သားကိုမသတ်ပါနဲ့ မေမေ ရယ်
မြဲမြဲခိုင်တဲ့အိမ်ကလေး ဘယ်လိုတည်ဆောက်မလဲ Page မှ ကူးယူမျှဝေပါသည်

< ....  ဘယ်မှာလဲတော့မမှတ်မိတော့ပါဘူး ဖတ်ဖူးတာလေးပါပဲ .... >

                                                                                             ရှားသူ

Sunday, September 14, 2014

လွှတ်ချထားလိုက်ပါ (Put Down)

လွှတ်ချထားလိုက်ပါ

အင်္ဂလိပ်စာ သင်တဲ့

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..
၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် .. 'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကို...တော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် … 'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို.
ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊
ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ
ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား' လို့ ဆက်မေးတော့ " မတိုးပါဘူး " လို့ တညီတညွှတ်တည်းဖြေကြတယ် …
ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊
အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ ' လို့မေးတော့ ကျောင်းသူတစ်ယောက်က
" Put the Glass Down" 'ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် … ဆရာက " သိပ်မှန်ပါတယ် ..
မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။
အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ်
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။
နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့အားအင်တွေလိုပါတယ် …
လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..'" လို့ ဆရာက မှာလိုက်ပါတယ် .
သူငယ်ချင်းရေ .. အကောင်းဆုံး ဥပမာလေးပါ ... ။ ဘ၀မှာ စိတ်ညစ်စရာတွေနဲ့ ကြုံလာတိုင်း ဒီဥပမာလေး ကို နမူနာယူပြီး စဉ်းစားဆင်ခြင်နိုင်အောင်လို့ ပါ ။

                                                                                                 ရှားသူ

ဒုက္ခကနေလွတ်အောင် လုပ်နည်း

ဒုက္ခကနေလွတ်အောင် လုပ်နည်း

လယ်သမားတစ်ယောက်ရဲ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့လယ်ထဲက ရေတွင်းထဲ ကျသွားတယ် မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့သခင်ကိုခေါ်တယ်..... လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်..... နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်...... ဒီမြည်းဟာ အိုလည်းအိုနေပြီ...... ရေတွင်းကလည်းမသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး ဖို့ပစ်တာ ကောင်းတယ်......

ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး....... အဲဒီလို တွေးပြီးတော့ သူ့သူငယ်ချင်း လယ်သမားတွေကို သွားခေါ်လာတယ်.... တစ်ယောက် ပေါက်ပြားတစ်လက်ဆီ ယုလာကြတယ်...... မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်...... မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်.....

နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်..... တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်.... သူမြင်ရတာကို အံ့သြ သွားတယ်..... မြေကြီးတစ်ကော်စာဖို့လိုက်တိုင်
း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်......

ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ် ခုန်တက် ပြီးတော့ အားရ၀မ်းသာခုန်ပေါက်ပြီး ပြေးတော့တယ် လယ်သမားတွေက မြည်းလေးကို ကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ် ကိုယ့်ဘ၀အခြေအနေဟာ ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်

ဒုက္ခကနေလွတ်အောင် လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲလိုတယ် ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို ရောက်သွားရမယ် 

(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ)