THE KEY TO SUCCESS
Lou little was the football coach at Georgetown University.
Their college president came to him one day and said, “Do you know Harold
Chapman?” “Sure,” Lou answered. “He has been on my team for years. He is an
average player. The problem is that he is not well motivated.”
“Well,” the president continued, “we
just received a message that his father died. Will you break the news to him?”
The coach put his arm around Chapman
and told him the sad news, “I’m sorry, son, you take a week off.”
But the next day Chapman was in the
locker room preparing for the game, “What are you doing here?” the coach
inquired in amazement.
“Today is the big game. I have got
to play,” he replied.
“But you know I have not included
you in the team.”
“Include me and you won’t be sorry,”
the moist-eyed player said very firmly.
The coach softened and decided that
if he won the toss he would use him for the first play. He would not do much
damage on the kickoff return, Georgetown won the toss.
During the game, Harold came tearing
down the field with the ball, like a tornado. The coach, pleasantly shocked,
used him in another play and then another. He blocked; he tacked; he passed; he
ran. He literally won the ball game for Georgetown University that day.
In the locker room the coach,
perplexed, asked, “Son, what happened?”
The
player said …..
What
was the boy’s answer?
အောင်မြင်ခြင်း၏ သော့ချက်
" လူး- လစ်တဲလ် " သည်
" ဂျော့ခ်ျတောင်းတက္ကသိုလ် " မှ လက်ပစ်ဘေားလုံးနည်းပြဖြစ်သည်။ သူတို့တက္ကသိုလ်
ဥက္ကဌက တစ်နေ့တွင် သူ့ထံသို့လာပြီး " ခင်ဗျား ဟာရိုးလ်-ချက်ပ်မင်းကို သိသလား"
ဟုမေးသည်။ " သိတာပေါ့ " လူးက ပြန်ဖြေလိုက်သည်။
" ကျွန်တော့် အသင်းမှာ နှစ်နဲ့ ချီရှိခဲ့ပါတယ်။ သာမန်ကစားသမားကလေးပါ။ ခက်တာက သူက
သိပ်မစွမ်းဆောင်နိုင်ဘူး "
" ကောင်းပြီးလေ " ဥက္ကဌက
ဆက်ပြောသည်။ " သူ့အဖေဆုံးသွားပြီဆိုတဲ့ သတင်းခုလေးတင် ရခဲ့တယ်။ ဒီသတင်း ဆိုး သူ့ကို
ပြောပေးလို့ရမလား" ဟုမေးလိုက်သည်။
နည်းပြသည် " ချက်ပ်မင်း"
ပခုံးကိုလှမ်းဖက်ရင်း ကြေကွဖွယ်သတင်းကို ပြောလိုက်သည်။ " ဝမ်းနည်းပါတယ် သားရာ
…. တစ်ပတ်လောက်နားလိုက်ပါဦးလား " ဟုဆက်ပြောလိုက်သည်။
သို့သော် နောက်တစ်နေ့တွင် ချက်ပ်မင်းသည်
ကစားပွဲအတွက် အဝတ်အစားလဲခန်းထဲတွင် ပြင်ဆင်နေလေသည်။ နည်းပြက " မင်းဒီမှာ ဘာလုပ်နေတာလဲ
" ဟုတအံ့တသြမေးလိုက်သည်။
" ဒီနေ့ဟာ ပွဲကြီးပဲ။ ကျွန်တော်
ကစားမှဖြစ်မယ် " ဟု ပြန်ဖြေလိုက်သည်။
" ဒါပေမဲ့ မင်းကို ဒီနေ့ပွဲမှာ
ထည့်မကစားထားဘူးဆိုတာ မင်းသိတာပဲ"
” ထည့်ကစားလိုက်ပါ။ ဝမ်းမနည်းစေရဘူး
" ဟု မျက်ရည်စိုစိုဖြင့် ကောင်ကလေးက ယုံကြည်စွာပြောလိုက်သည်။
နည်းပြလည်း စိတ်လျှော့လိုက်ပြီး ခေါင်းပန်းလှန်စဉ်
သူ့အသင်းအသာစီးမှရလျှင် ကောင်ကလေးအား ပထမပွဲ၌ ထည့်ကစာ့းန် ဆုံးဖြတ်လိုက်သည်။ ပွဲစတွင်
အဆင်မပြေလျှင် သိပ်အရှုံးရှိုင်မည်မဟုတ်ချေ။ ဂျော့ခ်ျတောင်းလည်း ခေါင်းပန်း လှန်ရာတွင်
အနိုင်ရရှိသွားသည်။
ပွဲအတွင်း၌ ဟာရိုးလ်ဒ်သည် လေဆင်နှာမောင်းမဆာ
ကွင်းတစ်ကွင်းလုံးအား အစွမ်းပြ ကစားသွားသည်။ နည်းပြလည်း အတော်ကလေး အံ့အားသင့်သွားကာ
ပွဲတစ်ပွဲပြီး တစ်ပွဲတိုင်း၌ ထည့်သွင်းကစားခဲ့သည်။ " ဟာရိုးလ်ဒ် " သည် ပြိုင်ဖက်များကို
ပိတ်ဆို့ခြင်း၊ ဘောလုံးကိုဝင်ဖျက်ခြင်း၊ လှမ်းပေးခြင်း။ ပြေးလွှားခြင်းတို့ကို မယုံနိုင်လောက်အောင်
အစွမ်းပြ ခဲ့သည်။ ထိုနေ့က သူသည် ဂျော့ခ်ျတောင်းတက္ကသိုလ်အတွက် အောင်ပန်းကို ဆင်မြန်းနိုင်စေခဲ့သည်။
အဝတ်အစား လဲခန်းအတွင်း၌ နည်းပြသည်
ဇဝေဇဝါဖြစ်ကာ " သားလေး … ဘာဖြစ်သွားတာလဲ။ ဒီနေ့ပွဲမှာ မင်း အစွမ်းပြသွားလိုက်တာ
" ဟုမေးလိုက်သည်။ ကောင်လေးက " ……. "
0 comments:
Post a Comment