09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Sunday, September 14, 2014

ဒုက္ခကနေလွတ်အောင် လုပ်နည်း

ဒုက္ခကနေလွတ်အောင် လုပ်နည်း




လယ်သမားတစ်ယောက်ရဲ့ မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့လယ်ထဲက ရေတွင်းထဲ ကျသွားတယ် မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့သခင်ကိုခေါ်တယ်..... လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့ တွေးတယ်..... နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်...... ဒီမြည်းဟာ အိုလည်းအိုနေပြီ...... ရေတွင်းကလည်းမသုံးတာကြာတဲ့ ရေတွင်းဟောင်းကြီး ဖို့ပစ်တာ ကောင်းတယ်......

ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး....... အဲဒီလို တွေးပြီးတော့ သူ့သူငယ်ချင်း လယ်သမားတွေကို သွားခေါ်လာတယ်.... တစ်ယောက် ပေါက်ပြားတစ်လက်ဆီ ယုလာကြတယ်...... မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်...... မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်.....

နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်..... တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်.... သူမြင်ရတာကို အံ့သြ သွားတယ်..... မြေကြီးတစ်ကော်စာဖို့လိုက်တိုင်
း မြည်းလေးဟာ မြေကြီးတွေကို ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်......

ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ ရေတွင်းပေါ် ခုန်တက် ပြီးတော့ အားရ၀မ်းသာခုန်ပေါက်ပြီး ပြေးတော့တယ် လယ်သမားတွေက မြည်းလေးကို ကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ် ကိုယ့်ဘ၀အခြေအနေဟာ ကိုယ့်ကျောပေါ်ကို မြေတွေပုံမယ်

ဒုက္ခကနေလွတ်အောင် လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ ဖို့လိုက်တဲ့မြေကြီးဟာ ကျောပေါ်မှာ မနေဖို့ပဲလိုတယ် ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို ရောက်သွားရမယ် 


(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ)

0 comments:

Post a Comment