အခြေခံကွန်ပျူတာ အပိုင်း (၁၃) Application Software
Application Software (App) ဆိုတာ လုပ်ငန်းခွင်သုံးဆော့ဝဲတွေပါ။
OS မှာလုပ်လို့မရတဲ့ အလုပ်တွေလုပ်ဖို့၊ လုပ်ငန်းခွင် အသီးသီးမှာ အဆင်ပြေပြေသုံးနိုင်ဖို့
ကုမ္ပဏီတွေက ထုတ်လုပ်ပေးလိုက်တဲ့ Software တွေကို ပြောတာပါ။ ဥပမာ - သင်က စာစီစာရိုက်လုပ်မယ်ဆို
Microsoft Office Word ကို ကွန်ပျူတာမှာ သွင်းပြီး သုံးရမယ်။ စာရင်းဇယားလုပ်မယ်ဆို
Excel ကိုသုံးရမယ်လေ။ အဲ့လို လုပ်ငန်းခွင်သုံးတဲ့ Word, Excel, Photoshop, … စတဲ့
Software တွေကို App Software တွေလို့ ခေါ်ပါတယ်။
အပြင်မှာ App Software တွေ သန်းနဲ့ချီပြီးရှိပေမယ့်
သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Software တွေကို သင်ကိုယ်တိုင်ရွေးချယ် သုံးစွဲနိုင်ပါတယ်။
Free တွေ အင်တာနက်က ဒေါင်းနိုင်သလို ၀ယ်ရတာတွေရှိပါတယ်။
မှတ်ထားရမှာက App တွေဟာ
တစ်မျိုးကို အလုပ်တစ်မျိုးပဲ အဓိက လုပ်ဆောင်ပေးပါတယ်။ ပြောချင်တာက စာစီစာရိုက်ဆော့ဝဲဟာ
ဗွီဒီယို တည်းဖြတ်ခြင်း လုပ်လို့မရသလို ဒီဇိုင်းကောင်းကောင်းလည်း ဆွဲလို့မရပါဘူး။ စာစီစာရိုက်တော့
ကောင်းကောင်းအသုံးပြုနိုင်မှာပါ။ တစ်လမ်းသွားဆော့ဝဲတွေပေါ့။ကဲ ... Hardware တွေ ... OS အကြောင်း ... App အကြောင်း တီးမိခေါက်မိပြီဆိုတော့ ...
အနှစ်ချုပ်ကလေးကို တစ်ချက်ကြည့်လိုက်ပါဦး။
ရှားသူ @ ပိရမစ်
0 comments:
Post a Comment