အခြေခံ ကွန်ပျူတာ အပိုင်း(၁၂) Software
ကဲ
Hardware အခြေခံတွေ သိသွားပြီဆိုတော့ Software ဘက်လှည့်လိုက်ရအောင်ဗျာ။
Software ဆိုတာဘာလဲဆိုတာသင်သိပြီးပါပြီ။
ကိုင်လို့မရတဲ့အရာလေ..။ ဖန်သားပြင်မှာ မြင်နေရပြီး အသုံးချနေရပေမယ့် ကျွန်တော်တို့ကိုင်လို့မရတဲ့
အရာတွေပေါ့။ ဥပမာ - Game ဆော့ရင် ဂိမ်းထဲက အကောင်တွေ ကို ဟိုဟိုဒီဒီ စေခိုင်းညွှန်ကြားလို့ရပေမယ့်
လက်နဲ့ ကိုင်လို့တော့မရဘူးလေ။ အဲ့ဒါဆော့ဝဲပါပဲ။
Software မှာ နှစ်မျိုးရှိပါတယ်။
OS Software နဲ့ App ဆော့ဝဲပါ။ OS ဆိုတာ Operating System ( ပင်မစနစ်) တဲ့။ ကျွန်တော်အခြေခံစတက်တုန်းက
တော်တော်တိုင်ပတ်ခဲ့ရတဲ့ စကားလုံးပါ။ ပင်မစနစ် ဆိုတာဘာလဲ။ မြန်မာလိုပြောတာတောင်နားမလည်ခဲ့ရတဲ့
စကားလုံးပါ။ ကဲစရှင်းလိုက်ရအောင် နည်းနည်း လည်နေရင်လည်း သင်တန်းသာ ကြွခဲ့ကြပေတော့။
တကယ်တော့ OS ဆိုတာ ကွန်ပျူတာရဲ့ Setting တွေစုထားတဲ့ အရာကြီးလို့ ခဏမှတ်ထားပေးပါ။ သင်ရဲ့
ဖုန်းလိုပေါ့ဗျာ။ ဖုန်းမှာ Setting ပါတယ်မလား။ အဲ့ဒီ့အထဲမှာ သင့်ရဲ့ဖုန်းကို သင့်စိတ်ကြိုက်
ပြင်ဆင်မှုတွေ လုပ်နိုင်တယ်လေ။ ဥပမာ - သင့်ဖုန်းရဲ့ အသံတွေ၊ Display တွေ၊ Wallpaper
တွေ၊ အင်တာနက် ပြင်ဆင်မှုတွေ၊ Security တွေ့ ပြင်လို့ရတယ်မလား။ အဲ့လိုပါပဲ ကွန်ပျူတာ
ရဲ့ Setting တွေပြင်ဆင်ဖို့နဲ Computer တစ်လုံးပွင့်လာဖို့ OS ဆိုတဲ့ Software ကြီးက
တာဝန်ယူပါတယ်။ အင်း ကွန်ပျူတာတစ်လုံးမှာ OS တစ်ခုမရှိဘူးဆိုရင် ကွန်ပျူတာဟာ ဖွင့်လို့
ရမှာတောင် မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုသုံးနေကြတဲ့ Windows ဆိုတာကြီးဟာ အဲ့ဒါ OS
ပါပဲ။ Windows ကို Microsoft ဆိုတဲ့ ကုမ္ပဏီက
ထုတ်ပါတယ်။ Microsoft က တကယ်တော့ ရောင်းတာပါ။ ကျွန်တော်တို့က ၀ယ်မသုံးနိုင်လို့
Copy လုပ်ပြီး ၅၀၀/ ၁၀၀၀ လောက်နဲ့ ၀ယ်သုံးနေရတာပါ။ ၀ယ်သုံးတာလောက် မကောင်းပေမယ့် ကျွန်တော်တို့တွေ
အဆင်ပြေပြေ သုံးလို့ရနေပါတယ်။ ပြောချင်တာက Windows ပါ။ လူတွေပြောပြောနေတဲ့ Windows
XP, Windows 7, Windows 8 ဆိုတာ ကျွန်တော်တို့ ကွန်ပျူတာရဲ့ OS Software တွေပါပဲ။ နောက်ပြီး
Windows ကျတယ်ဆိုတာရှိသေးတယ်။ Windows ကျတယ်ဆိုတာ OS Software ပျက်သွားတာပါ။ ကွန်ပျူတာရဲ့
ပင်မစနစ် ဆော့ဝဲကြီး ပျက်မှတော့ သင့်ကွန်ပျူတာမှာ ဘာမှ သုံးလို့မရလို ဘာမှပေါ်မှာကို
မဟုတ်တော့ပါဘူး။ ပြောပြီးသားလေ OS တစ်ခုရှိမှ သင်ကွန်ပျုတာကို သုံးချင်တာသုံးလို့ရမှာလေ။
ဒီလောက်ဆို OS ဆိုတာသင်နားလည်လောက်ပြီထင်ပါတယ်။
0 comments:
Post a Comment