09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Friday, September 26, 2014

IELTS အကြောင်း သိကောင်းစရာ

IELTS အကြောင်း သိကောင်းစရာ




IELTSလို့ခေါ်တဲ့ International English Language Testing ဟာ တစ်ကမ္ဘာလုံးက
အသိအမှတ်ပြုတဲ့ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးသောTest တစ်ခုပါ။
လွန်ခဲ့သော ၁၄နှစ်ခန့်ကတည်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု လေးမျိုး (Writing,
Speaking, Reading, Listening) ကိုစစ်ဆေးရာမှာ IELTSကို အသုံးပြုခဲ့ရာ
ယနေ့အထိ တစ်ကမ္ဘာလုံးတွင် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Standard
Test တစ်ခုအဖြစ် အသုံးပြုဆဲပါ။ ထောင်နဲ့ချီတဲ့ အဖွဲ့အစည်းတွေနဲ့
စာမေးပွဲဖြေဆိုသူတွေဟာ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးရာနှင့်
အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ IELTSကို ယုံကြည်စိတ်ချရတဲ့
အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု Testအဖြစ် လက်ခံကြပါတယ်။ IELTS ကို University of
Cambridge ESOL Examinations (Cambridge ESOL), British Council and IDP
Education Australia နှင့် IELTS Australiaတို့ ပူးတွဲပြီးစီမံအုပ်ချုပ်ပါတယ်။

History

၁၉၈ဝပြည့်နှစ်မှာ English Proficiency Test Battery (EPTB)နေရာမှာ IELTSကို အစားထိုးအသုံးပြုခဲ့ပါတယ်။
EPTBဟာ ၁၉၆ဝပြည့်နှစ်လယ်လောက်ကတည်းကBritish Councilမှာ အင်္ဂလန်
တက္ကသိုလ်များဝင်ခွင့်ကို လျှောက်ထားတဲ့
ကျောင်းသားတွေရဲ့အင်္ဂလိပ်စာကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Multiple Choice Test
ပါ။ အသစ်ပြဋ္ဌာန်းထားတဲ့ IELTS ဟာ တက္ကသိုလ်တွေရဲ့ ပြဋ္ဌာန်းချက်တွေနဲ့
ပိုမိုကိုက်ညီမှုရှိပြီး ပိုမိုလက်တွေ့ဆန်ပါတယ်။

Test Format

UKပညာရေးကဏ္ဍကြီးရဲ့ ကျယ်ပြန့်တဲ့ဧရိယာကြီးငါးခုပေါ်အခြေခံပြီး မော်ဂျူး ကြီး ၆ခု ခွဲထားပါတယ်။ အဲဒါတွေကတော့
­Life Sciences
Social Studies
Physical Sciences
Technology
Medicine
General Academic တို့ ဖြစ်ပါတယ်။
တက္ကသိုလ်မတက်ဘဲနှင့် အသက်မွေးဝမ်းကျောင်းမှု ပညာသင်ကြားမယ့် Vocational Candidates တွေအတွက် Non-Academic Test လည်းရှိပါတယ်။
IELTS ရဲ့ Formatကိုခေတ်အဆင့်ဆင့်ပြု ပြင်ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ
IELTSဖြေဆိုရင် ကျောင်းသားတွေဟာ Listening နှင့် Speakingမှာ
non-specialised modules အဖြစ် General English ကိုဖြေဆိုရပါတယ်။ Reading
နှင့် Writing မှာ ကျောင်းသားရွေးချယ်မယ့်သူ လေ့လာမယ့် course
နှင့်ဆိုင်တဲ့ specialised modules နှစ်ခုကို ဖြေဆိုရပါတယ်။
၁၉၉၅ခုနှစ်မှာ Readingနှင့် Writing မော်ဂျူးတွေနေရာမှာAcademic Reading Module နှင့် Academic Writing Moduleတို့အစားထိုးခဲ့ပါတယ်။
၂ဝဝ၁ခုနှစ်မှာ IELTS Speaking Test ကိုပြန်ပြီး revised ပြုလုပ်ခဲ့ပါတယ်။ ၂ဝဝ၅ခုနှစ်မှာ IELTS ဟာ Computer Based စံနစ်ဖြစ်လာပါတယ်။

Frequently asked questions

IELTSကို စိတ်ဝင်စားတဲ့ ကျောင်းသားတို့စိတ်ဝင်စားမယ့် မေးခွန်းကလေးများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

IELTS စာမေးပွဲကို တစ်ရက်အတွင်း အပြီးဖြေဆို၍ ရပါသလား။
Listening, Reading, Writing Test များဟာ နားချိန်မရှိဘဲ
တောက်လျှောက်ဖြေဆိုရပါတယ်။ Speaking Testကို Test Date မတိုင်မီ သို့မဟုတ်
အပြီး ၇ရက်အကြာမှာ ဖြေဆိုရပါတယ်။

Listening နှင့် Speaking Test တွေမှာ ဘယ်လိုလေယူလေသိမ်းမျိုး ကြားရပါသလဲ။
IELTS ဟာ International Testပါ။ ယင်းစာမေးပွဲနှစ်မျိုးစလုံးမှာ အမျိုးမျိုးသော English လေယူလေသိမ်းတွေ ကြားရမှာပါ။

Speaking Test အကြောင်း ရှင်းပြပေးပါ။
Speaking Test ဟာ IELTSက အသိအမှတ်ပြုတဲ့ examinerနှင့်မျက်နှာချင်းဆိုင်
အမေးအဖြေ ပြုလုပ်ရတာပါ။ အမေးနှင့်အဖြေတွေကို audio cassette သို့မဟုတ်
digital recorderနှင့် ဖမ်းထားပါတယ်။

စာမေးပွဲ result များကို မည်သည့်အချိန်တွင်ရပါသလဲ။
စာမေးပွဲဖြေဆိုပြီး Calendar days ၁၃ရက်အတွင်းမှာ resultများကို သိရပါတယ်။

ကြိုတင်အကြောင်းကြားချက်မရှိဘဲ စာမေးပွဲဖြေဆိုရန်ပျက်ကွက်ခဲ့လျှင် ဘာဖြစ်နိုင်ပါသလဲ။
Test Fee ဆုံးရှုံးမှာပါ။ Test Date မတိုင်မီ ၅ရက်အတွင်း medical
certificate တင်ပြနိုင်လျှင် Local Administrative Feeနုတ်ပြီး Test Fee
ကို ပြန်အမ်းမှာပါ။


0 comments:

Post a Comment