ဈေးဝယ်ထွက်သည့်အခါ အသုံးများသော အင်္ဂလိပ်စာစုများ
ဘယ်နိုင်ငံမှာမဆို အင်္ဂလိပ်စကားတတ်ရင် အပြင်ထွက်ပြီး
ဈေးဝယ်လို့ရတတ်ပါတယ်။ စကားမတတ်လည်း ၀ယ်ချင်တဲ့ပစ္စည်းကို လက်ညှိးထိုးပြပြီး
ဝယ်လို့ရပေမယ့် အောက်မှာဖော်ပြထားတဲ့ အသုံးဝင်တဲ့ စကားစုအချို့ကို
လေ့လာထားခြင်းအားဖြင့် ဈေးဝယ်ရတာ အများကြီးပိုပြီး လွယ်ကူသွားတတ်ပါတယ်။
တစ်ခုခုပြပါလို့
ပြောချင်ရင်အောက်ဖော်ပြပါစကားစုတွေကိုသုံးနိုင်ပါတယ်။
-
* Can you show me the…, please.
ကျေးဇူးပြု၍……ကို ပြပေးနိုင်မလား။
* Could you show me the …, please.
ကျေးဇူးပြု၍……ကို ပြပေးလို့ရမလား။
* Would you be so kind to show me the…, please.
ကျေးဇူးပြု၍……ကို ပြပေးပါနော်။
* I’d like to see the…, please.
ကျေးဇူးပြု၍……ကို ကြည့်ချင်ပါတယ်။
စမ်းဝတ်ကြည့်ချင်ရင်တော့ အခုလို ပြောနိုင်ပါတယ်။
Can I try it/them on, please
ကျေးဇူးပြုပြီး ဒီဟာ(တွေ)ကို စမ်းဝတ်ကြည့်လို့ရမလား။
ကျေးဇူးပြုပြီး ဒီဟာ(တွေ)ကို စမ်းဝတ်ကြည့်လို့ရမလားခင်ဗျာ^ရှင်။
Is it ok if I try this/these on
ဒါ(တွေ)ကိုစမ်းဝတ်ကြည့်လို့ ဖြစ်ပါတယ်နော်
Where can I try it/them on
ဘယ်နေရာမှာ စမ်းဝတ်ကြည့်ရမလဲ။
Where are the changing rooms, please ?
အ၀တ်လဲတဲ့အခန်းကဘယ်မှာလဲ။
အရွယ်မတူတဲ့ ဒါမှမဟုတ် အရောင်မတူတဲ့အ၀တ်အစားတွေကို လိုချင်လို့ရှိရင် အောက်ဖော်ပြပါ စကားစုတွေကို သုံးပြီး မေးနိုင်ပါတယ်။
- Do you have it/them in size … ?
……ဆိုဒ်နဲ့ရှိသလား။ - Can I try the larger/smaller one(s),
please ?
ဒီထက်နည်းနည်းကြီးတာလေး/သေးတာလေး စမ်းဝတ်ကြည့်လို့ရမလား။ - Do you have it /them in different
colour, please?
အခြားအရောင်မရှိဘူးလား။
ဝယ်တော့မယ်လို့ ဆုံးဖြတ်တဲ့အခါ ဒီလိုပြောနိုင်ပါတယ်။
- Wow, this one is great, I’ll take it!
ဟာ၊ ဒီဟာကတော်တော်ကောင်းတာဘဲ၊ ဒါဘဲယူပါမယ်။ - I’ll have this one, please!
ကျေးဇူးပြုပြီး ဒီဟာယူချင်ပါတယ်။ - Can I buy the…
……၀ယ်လို့ရမလား။ - How much is/ are the… I’d like to buy
it/them.
…… က ဈေးဘယ်လောက်ရှိပါသလဲ။ ၀ယ်ချင်ပါတယ်။
0 comments:
Post a Comment