09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Friday, August 29, 2014

လှိုင်းငယ်ကလေး


THE LITTLE WAVE



 
A little wave was bobbling along in the ocean, having a great time. He was enjoying the wind and the fresh air-until he noticed the other waves in front of him crushing against the shore.
“My God, This is terrible,” the wave said. “Look what’s going to happen to me!” Then along came another wave, It saw the first wave, looking grim, and it said to him, “Why do you look so sad?” The first wave said, “You don’t understand. We are all going to be nothing! Isn’t it terrible?”
The second wave said, “ . . . . . . . . . . !”


လှိုင်းငယ်ကလေး
  လှိုင်းငယ်ကလေးတစ်ခုသည် သမုဒ္ဒရာကြီးထဲတွင် ခုန်ပေါက်မြူးတူးရင်း အပျော်ကြီးပျော်နေသည်။ သူသည် လေကောင်း လေသန့်ကို ပျော်ရွင်စွာ ခံစားလျက်ရှိသည်။ ထို့နောက် သူသည် သူ့ရှေ့ရှိလှိုင်းများ ကမ်းခြေပေါ်တွင် တိုက်ခတ် ကြွေမွ ပျက်စီးသွားသည်ကို မြင်လိုက်သည်။
                " ဘုရားရေ ! ကြောက်စရာ လန့်စရာကြီးပါလား " ဟု လှိုင်းကလေးက ပြောလိုက်သည်။ " ငါဘယ်လို နိဂုံးချုပ်တော့ မလဲဆိုတာ ကြည့်စမ်းပါဦး " ထိုစဉ် ယင်းလှိုင်းငယ်ကလေးနောက်မှ နောက်ထပ်လှိုင်းတစ်ခု ကပ် ပါလာသည်။ သည် ပထမလှိုင်းငယ်ကလေး မှုန်ကုတ်ကုတ် ဖြစ်နေသည်ကို မြင်လိုက် " ဘာလို့ ဝမ်းနည်းနေတာလဲ " ဟု မေးလိုက်သည်။ ပထမလှိုင်းငယ်ကလေးက " ခင်ဗျား နားမလည်ပါဘူး။ ကျွန်ုပ်တို့အားလုံး ပလာနတ္ထိ ဖြစ်တော့မယ်ဗျ။ ကြောက်စရာ မကောင်းပေဘူးလား " ဟုမေးလိုက်သည်။
          ဒုတိယလှိုင်းက အောက်ပါအတိုင်းပြောလိုက်ရာ ပထမလှိုင်းငယ်ကလေးသည် သက်သာရာရသွားတော့သည်။ ဒုတိယလှိုင်း မည်သို့ ပြောလိုက်သနည်းး။ 




***  အားနည်းချက်ကို ဖုံးကွယ်ထားပြီး စွမ်းရည်ကို ဂုဏ်ဖော်ကြခြင်း မှ အဖြေ -


He painted the King aiming for a hunt.  
He was targeting with one eye closed and one leg bent.

သူသည် ဘုရင်ကြီးအမဲလိုက်နေဟန်ကို ရေးဆွဲခဲ့သည်။ 
မျက်လုံးတစ်ဖက်ကိုမှိတ်ပြီး မျက်လုံးတစ်ဖက်ဖြင့် သားကောင်ကို ချိန်လျက် ခြေတစ်ဖက်ကို ကွေးကာ ဒူးထောက်နေသည့် အနေအထားရေးဆွဲခဲ့သည်။


0 comments:

Post a Comment