အခြေခံကွန်ပျူတာ အပိုင်း (၁၀) Casing
Casing ( System ပုံး )
Casing (ခေဇင်း) ဆိုတာ သံပုံးခွံကြီးကိုပြောတာပါ။
သူမရှိရင် အပေါ်မှာပြောခဲ့တဲ့ Computer Device တွေကို သင်ကြမ်းပြင်မှာချပြီး သုံးနေရမှာပါ။
အားလုံးကို စနစ်တကျ သူ့နေရာနဲ့သူတပ်ဆင်ဖို့ Casing လိုပါတယ်။ ပြီးတော့ Casing မှာ ခလုပ်နှစ်ခုပါတာတွေ့မှာပါ။
တစ်ခုက Power Button ( ကွန်ပျူတာဖွင့်ရန် နှိပ်ရသော ခလုပ်) ဖြစ်ပြီး နောက်တစ်ခုက
Restart ခလုပ် ( ကွန်ပျူတာကို ချက်ချင်းပိတ်စေပြီး သူ့ဘာသာ ပြန်ပွင့်လာစေသော ခလုပ်
/ သုံးလို့ ကောင်းနေစဉ်မနှိပ်ရပါဘူး။ စက်က သုံးနေရင်း ဘာမှအလုပ်မလုပ်တော့ဘဲ ရပ်နေတာ၊
Mouse တို့ Keyboard တို့ ရုတ်တရက် အလုပ်မလုပ်တော့ဘဲ Screen ကြီး ဖြူလာတဲ့အခါ
Number Lock ကို အပိတ်အဖွင့်လုပ်ကြည့်လို့ မီးလုံးလေး ပိတ်လိုက်ဖွင့်လိုက်မဖြစ်တော့တဲ့အခါမျိုးမှ
(စက် ဟန်းတယ်လို့ခေါ်ပါတယ်) နှိပ်ရသော ခလုပ်) တို့ဖြစ်ပါတယ်။
ကဲ…
နောက်တပတ်မှ အဲ့ဒီ့ပုံးကြီးထဲကို အပေါ်ကပစ္စည်းတွေ ဘယ်လိုထည့်သွင်း တပ်ဆင်တယ်ဆိုတာတွေ
…
ကွန်ပျူတာ အမျိုးအစားတွေနဲ့
တစ်ခုချင်းရဲ့ အသေးစိတ်တွေဆက်လေ့လာကြတာပေါ့။ရှားသူ (ပိရမစ်ကွန်ပျူတာ)
0 comments:
Post a Comment