09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Sunday, August 17, 2014

အခြေခံကွန်ပျူတာ အပိုင်း (၅)



(5)   H.D.D (Hard Disk Drive)   


   
          မိမိ သိုလှောင်ထားချင်တဲ့ Data , Program တွေကို ယာယီသိုလှောင်ထားတာမဟုတ်ပဲ အမြဲတစေသိုလှောင်ထားနိုင်တဲ့ Drive တစ်ခုပါပဲ။ Computer ပိတ်လိုက်လည်း သူ့ထဲမှာ သိမ်းထားတဲ့ Data တွေဟာ သူမပျက်မချင်း (သို့မဟုတ်) Virus ကြောင့် မဟုတ်ရင် မပျက်ပါဘူး။ ပြောချင်တာက ကျွန်တော်တို့ရဲ့ Data တွေ၊ ( သီချင်း၊ ဗွီဒီယို၊ စာဖိုင်တွေ၊ … ) နဲ့ ကွန်ပျူတာထဲက Software တွေကို သိမ်းဆည်းပေး ထားတဲ့ ပစ္စည်းတစ်ခုပါ။ ကျွန်တော်တို့ စာစီစာရိုက်ဆော့ဝဲတစ်ခုကို ကွန်ပျူတာထဲ သွင်းပြီး နောက်နေ့တွေဖွင့်ကြည့်လည်း ရှိနေတာ H.D.D ထဲ မှာ သိမ်းထားလို့ပါ။
ပုံမှန်အားဖြင့်တော့ PC  တစ်လုံးမှာဆိုရင် Hard Drive လေးလုံးတပ်လို့ရပေမယ့် တစ်လုံးပဲ ပါရှိပါတယ်။ လုပ်ငန်းကြီးတွေမှာဆိုရင်တော့ Data ပမာဏ များများသိုလှောင်ဖို့လိုအပ်တဲ့ Special PC တွေမှာဆိုရင်တော့ Hard Drive တွေကို 8 လုံးကနေ 16 လုံးအထိ ပါဝင်နိုင်ပါတယ်။ တစ်လုံးမှာ ဘယ်လောက်အထိ သိုလှောင်နိုင်သလဲဆိုရင် ( 40 GB 80 GB, 160 GB, 250 GB, 320 GB, 500 GB, 1000 GB )....... စသည်ဖြင့် သိုလှောင်နိုင်ပါတယ်။

0 comments:

Post a Comment