အခြေခံကွန်ပျူတာ အပိုင်း(၈) Keyboard
Keyboard
Keyboard ဆိုတာ ခလုပ်တွေပါတဲ့ အပြားကြီးပါ။ Keyboard ဆိုတာ Computer တစ်လုံးမှာ မပါမဖြစ်ပါဝင်ရတဲ့ အရာလေးတစ်ခုပါ။ ဒီတော့ Keyboard ဆိုတဲ့ အကြောင်းအရာလေးကို ရှင်းပြဖို့မလိုလောက်အောင် နားလည်သိရှိပြီး ဖြစ်မှာပါ။ သို့ပေမယ့် သိပြီးသားအကြောင်းအရာလေး တစ်ခုကို ပိုနားလည်သွားအောင် အတူတကွ လေ့လာကြည့်ရအောင်။ Keyboard ကို Computer တစ်လုံးရဲ့ Input Device အနေနဲ့ မြင်တွေ့ရမှာပါ။ ဒါကြောင့်လည်း Keyboard တစ်လုံးမှာ Characters, Numbers နဲ့ Special Characters တွေ ပါဝင်ပါတယ်။ ဒီတော့ Keyboard ကို အသုံးပြုပြီးတော့ မိမိရဲ့ Computer ကို ညွှန်ကြားချက်တွေ ပေးလို့ရသလို လိုအပ်တဲ့ အချက်အလက်တွေကိုလည်း Keyboard မှတဆင့် Input အနေနဲ့ Computer အတွင်း ထည့်သွင်းပေးနိုင်ပါတယ်။ Keyboard မှာ ပျမ်းမျှအားဖြင့် ခလုပ် ၁၀၄ ခု ရှိပါတယ်။ အုပ်စုအားဖြင့် (၆)စု ခွဲပြီးလေ့လာနိုင်ပါတယ်။
Control Keys အုပ်စုက ကွန်ပျူတာရဲ့ Shortcut တွေလုပ်ဆောင်ဖို့သုံးတာများပါတယ်။
Shortcut ဆိုတာ ကွန်ပျူတာမှာ လုပ်ငန်းတစ်ခုခုကို Mouse ကိုရွှေ့ပြီး ခိုင်းမနေတော့ဘဲ
Keyboard မှာပဲ ခလုပ်နှစ်ခု (သို့) သုံးခုကို နှိပ်ပြီးလုပ်ဆောင်လိုက်တာကို
Shortcut လို့ခေါ်ပါတယ်။ ဥပမာ - တစ်ခုခုကို ပုံတူပွားဖို့ Mouse နဲ့ Selection ပေးပြီး
Right Click နှိပ် Copy ကိုနှိပ် စသည်ဖြင့်လုပ်ရပါတယ်။ အဲ့လိုမဟုတ်ဘဲ Keyboard မှာပဲ
Ctrl ခလုပ်နဲ့ C နဲ့ တွဲနှိပ်လိုက်ရင် Copy လုပ်ငန်းပြီးသွားပါတယ်။ အဲ့ဒီ့လို
Ctrl+C ကို Shortcut လို့ခေါ်ပါတယ်။
Function Keys အုပ်စုက Control Keys အုပ်စုလိုပါပဲ
တစ်ခုခုကိုအမြန်ဆောင်ရွက်ချင်ရင် F1 ကနေ F12 အထိ Function Keys တွေကို သူ့နေရာနဲ့သူနှိပ်ပြီး
လုပ်ရပါတယ်။ ဥပမာ - သင်ဟာ Software တစ်ခုခုကို သုံးလို့ အခက်အခဲရှိလို အကူအညီလိုရင်
F1 နှိပ်လိုက်ရင် Help ဆိုတဲ့ Box လေးတက်လာမှာပါ။
Typing Keys အုပ်စုကတော့ စာရိုက်ရာမှာသုံးတဲ့ နံပါတ်တွေနဲ့
အက္ခရာတွေပါတဲ့ ခလုပ်တွေပါ။ သူကတော့ ရှင်းပါတယ်။ A ရိုက်ရင် A ပေါ်မယ် 1 ရိုက်ရင် 1 ပေါ်မယ်ပေါ့။
Navigation Keys အုပ်စုကတော့ ထက်၊ အောက်၊ ဘယ်၊ ညာ ရွေ့လျားတဲ့
ခလုပ်တွေပါ။
Numeric Keypad ကတော့ keyboard ရဲ့ညာဘက်မှာပါတဲ့ ဂဏန်းပေါင်းစက်လို
ခလုပ်တွေပါ။ သူကတော့ ကိန်းဂဏန်းတွက်ချက်မှုတွေမှာ မြန်မြန်သုံးနိုင်အောင် လုပ်ပေးထားတာပါ။
Indicator Light ကတော့ Numeric Keypad
ပေါ်က မီးလုံးလေး သုံးလုံးပါ။
0 comments:
Post a Comment