09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Monday, August 18, 2014

အခြေခံကွန်ပျူတာ အပိုင်း (၆)



အခြေခံကွန်ပျူတာ အပိုင်း (၆) PSU

တစ်ပတ်လောက်နားဦးမယ်လို့တွေးထားပေမယ့်
"ဆရာ အသစ်မတင်ဘူးလား" လို့မေးနေကြလို့
နေမကောင်းတဲ့ကြား၊ မျက်မှန် ပါဝါတိုးလိုက်ရတဲ့ကြား၊
နှစ်ရက်ဆက်တိုက် ဆေးထိုးလိုက်ရတဲ့ကြားထဲကမှ တင်ပေးလိုက်ပါပြီ။
 
(6)   PSU (Power Supply Unit)


          Power Supply ဆိုတာကတော့ သူ့ရဲ့နာမည်အတိုင်းပါပဲ။ System တစ်ခုလုံးကလိုအပ်တဲ့ Power တွေကို ဖြန့်ဝေပေးတာဖြစ်ပါတယ်။ နံရံ plug ကလာတာက AC Power ပဲလာတာလေ။ Computer က အသုံးပြုတာက DC Power ကို အသုံးပြုတာဖြစ်ပါတယ်။ ဒါကြောင့် မီး Plug ခုံက ကလာတဲ့ AC Power ကို Computer က အသုံးပြုတဲ့ DC Power အဖြစ်သို့ ပြောင်းပေးပါတယ်။ တစ်လုံးအလုပ်လုပ်ဖို့အတွက်ဆိုရင် Power Supply မရှိလို့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ PowerSupply ကနေမှ System မှာရှိတဲ့ Device တွေကို Power ပေးတာဖြစ်လို့ပါ။ သိတဲ့အတိုင်းပဲ ကွန်ပျူတာဆိုတာက Electronic ပစ္စည်းလေ။

0 comments:

Post a Comment