အရှုံးထဲက အမြတ်
GREAT VALUE IN DISASTER
It was a cold December night in West
Orange, New Jersey. Thomas Edison’s factory was humming with activity. Work was
proceeding on a variety of fronts as the great inventor was trying to turn more
of his dreams into practical realities. Edison’s plant, made of concrete and
steel, was deemed ‘fireproof’. But it wasn’t!
On that frigid
night in 1914, the sky was lit up by a sensational blaze that had burst through
the plant roof. Edison’s 24-year-old son, Charles, made a frenzied search for
his famous inventor-father. When he finally found him, he was watching the
fire. His white hair was blowing in the wind. His face was illuminated by the
leaping flames. ‘’My heart ached for him,’’ said Charles. ‘’Here he was, 67
years old, and everything he had worked for was going up in flames. When he saw
me, he shouted, ‘’Charles! Where’s your mother? When I told him I didn’t know,
he said, ‘’Find her! Bring her here! She’ll never see anything like this as
long as she lives.’’
Next
morning, Mr. Edison looked at the ruins of his factory and said this of his
loss: ‘’There’s value in disaster. All our mistakes are burned up. Thank God,
we can start anew.’’
အရှုံးထဲက အမြတ်
နယူးဂျာဆီပြည်နယ်၊ ဝက်(စ်)အောရင့်ဂ်ျမြို့တွင်
ဒီဇင်ဘာညကလေးမှာ ချမ်းအေးလျက်ရှိုသည်။
သောမတ်စ် အယ်ဒီဆင်၏ စက်ရုံသည်လည်း စက်ယန္တားများ
ပျားပမ်းခတ်တမျှ လှုပ်ခတ်သံများဖြင့် ဆူညံလျက်ရှိသည်။ နာမည်ကြီး တီထွင်သူက သူ၏ အိပ်မက်စိတ်ကူးများကို
လက်တွေ့အကောင်အထည် ဖော်လျက်ရှိလေရာ စက်ရုံ၏ အဓိက နေရာများတွင် လုပ်ငန်းများတရှိန်ထိုး
လှုပ်ရှားလျက်ရှိသည်။ အင်္ဂတေနှင့် သံမဏိထည်များဖြင့် တည်ဆောက် ထားသော အယ်ဒီဆင်၏ စက်ရုံမှာ
" မီးလောင်ခံစက်ရုံ ” ဟူ၍ပင်
ယူဆရမည်။ သို့သော် ထင်သလို မဟုတ်ခဲ့ပါ။
ချမ်းအေးသော ထို(၁၉၁၄) ခုနှစ်၏ တစ်ညတွင်
စက်ရုံခေါင်မိုးပေါ် ဖောက်ထွက်လာသောမီးလျှံများကြောင့် မဟူရာကောင်းကင် တစ်ပြင်လုံး မီးရှူးမီးပန်းများ
ဖောက်လိုက်သည့် အလား ထိန်ထိန်လင်းသွားလေသည်။ အယ်ဒီဆင်၏ အသက် (၂၄) နှစ်အရွယ်ရှိ သားချားလ်(စ်)သည်
နာမည်ကြီး တီထွင်သူ ဖခင်ကြီးအား ကြောက်အားလန့်အားဖြင့် လိုက်လံ ရှာဖွေသည်။ ရှာတွေ့သော
အခါတွင်ကား အယ်ဒီဆင်သည် တဟုန်းဟုန်းတောက်လောင်နေသော မီးလျှံများကို ရပ်ကြည့်လျက်ရှိသည်။
သူ၏ အဖြူရောင်ဆံကေသာလည်း လေထဲတွင်ပျံလိက်ရှိသည်း သူ၏ မျက်နှာလည်း တဟုန်းဟုန်း တောက်လောင်နေသော
မီးလျှံကြောင့် အလင်းရောင်ပြန်လျက်ရှိသည်။
"
ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ် " ဟု ချားလ်စ်က ပြောသည်။ " ကြည့်ပါဦး
… အသက် (၆၇)နှစ် ဇရာထောင်တဲ့အရွယ်ကျတေှာ့ပဲ သူအပတ်တကုတ် ကြိုးစားခဲ့သမျှ အားလုံး မီးလျှံတွေထဲမှာ
အချည်းနှီးဖြစ်ကုန်ပြီ။ ကျွန်တော်ကို မြင်တော့ သူက "ချားလ်စ်! မင်းအမေရော"
ဟု လှမ်းအော်မေးလိုက်တယ်။ ကျွန်တော်က အမေ ဘယ်ရောက်နေမှန်းမသိဘူးလို့ ဖြေလိုက်တော့ သူက
" သွားခေါ်စမ်း ! ဒီကိုခေါ်ခဲ့ ! သူမရဲ့သက်တမ်းတစ်လျှေက်မှာ ဒီလို မြင်ကွင်းမျိုးတစ်သက်လုံးကြုံတွေ့ရမှာ
မဟုတ်ဘူး " ဟု ကျွန်တော့်ကို ပြောလိုက်တယ် "
နောက်တစ်နေ့
နံနက်တွင်မစ္စတာ အယ်ဒီဆင်သည် သူ၏ပြာကျသွားသော စက်ရုံကိုကြည့်ကာ သူ၏ ဆုံးရှုံးမှုနှင့်
ပတ်သက်၍
အောက်ပါအတိုင်းပြောလိုက်သည်။
"
အပျက်အဆီးထဲက အမြတ်ထွက်တာပါကွာ။ တို့ရဲ့ အမှားအယွင်းတွေ အားလုံး မီးလောင်ပြာကျသွားပြီးလေ။
တော်ပါသေးတယ် တို့အစကနေ ပြန်စခွင့်ရတာပေါ့"
0 comments:
Post a Comment