09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Tuesday, August 12, 2014

အခြေခံကွန်ပျူတာ အပိုင်း (၄) RAM



(4)   RAM (Random Access Memory)     





          RAM ဆိုတာကတော့ Random Access Memory လို့ခေါ်ပါတယ်။ RAM ကိုတစ်နည်းအားဖြင့် Memory လို့လည်းခေါ်တတ်ကြပါတယ်။ RAM ဟာ Temporary Storage Unit ဖြစ်ပါတယ်။ ဒါကြောင့် RAM ပေါ်မှာသိုလှောင်ထားတဲ့ Data တွေ၊ Program တွေဟာဆိုရင် Computer ပိတ်လိုက်တာနဲ့ Data တွေ မရှိတော့ပါဘူး။ RAM က လက်ရှိအသုံးပြုနေတဲ့ Data တွေကိုယာယီ သိမ်းဆည်းပေးရုံပါ။ ဥပမာ- သင်က ကွန်ပျူတာမှာ သီချင်းတစ်ပုဒ်ကိုဖွင့်ပြီး ဟိုနားဒီနား သွားနေလဲ အဲ့ဒီ့သီချင်းက လာနေမှာပါပဲ။ အဲ့ဒါ RAM က မှတ်ပေးထားလို့ပါ။ အဲ့ ဒါပေမယ် သီချင်းလာနေတုန်း မီးပျက်လို့ပဲဖြစ်ဖြစ် ကွန်ပျူတာ ရုတ်တရက် ပိတ်သွားခဲ့ရင် သင့်သီချင်းကို သူမမှတ်ထားတော့ပါဘူး။ သင်ကွန်ပျူတာကို ပြန်ဖွင့်ရင်လည်း သီချင်းက ခုဏက လာတဲ့နေရာကနေ သူ့ဘာသာ ပြန်လာမှာမဟုတ်ပါဘူး။ ပြန်နားထောင်ချင်ရင် ကိုယ်တိုင်ပြန်ဖွင့်ပေးရမှာပါ။ အဲ့ဒီ့အခါကျမှ RAM က အစကနေ ပြန်မှတ်ပေးမှာပါ။ ပြောချင်တာက RAM ဆိုတာ ကွန်ပျူတာ ဖွင့်ထားတဲ့ အချိန်မှာပဲ သင်လုပ်သမျှတွေကို မှတ်ပေးထားတာပါ။ ကွန်ပျူတာပိတ်လိုက်တာနဲ့ သူ့ဆီမှာ ဘာမှမသိမ်းထားဘဲ အကုန်ဖျက်ပစ်ပြီး ကွန်ပျူတာ ပြန်ဖွင့်ရင် အစကပြန်စမှတ်ပေးတဲ့ ပစ္စည်းတစ်ခုပါ။ RAM ပေါ်သိမ်းနိုင်တဲ့ Data ပမာဏကို Bytes Unit တိုင်းတာပါတယ်။  အခုခေတ် PC တွေမှာ အသုံးပြုတဲ့ RAM ပမာဏ တွေက Bytes ပေါင်းသန်းနဲ့ချီပြီးရှိလာတဲ့အတွက် Megabytes ( MB ) တို့ Gigabytes ( GB ) တို့နဲ့တိုင်းတာပါတယ်။ ပုံမှန်အားဖြင့်တော့ RAM ရဲ့ Speed တွေကတော့16 MB၊ 32MB၊ 64MG၊ 128MB၊ 256MB၊ 512MB၊ 1 GB နဲ့ 2GB စသဖြင့်ရှိပါတယ်။


                                                                                                       ဆက်ရန် -

0 comments:

Post a Comment