09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Saturday, August 23, 2014

အခြေခံကွန်ပျူတာ အပိုင်း(၇) CD / DVD Drive

အခြေခံကွန်ပျူတာ အပိုင်း(၇) CD / DVD Drive


(7)   CD / DVD Drive



 
          CD/ DVD Drive ဆိုတာသင်သိတဲ့အတိုင်းပါပဲ။ CD/ DVD ခွေတွေထည့်ကြည့်တဲ့ ပစ္စည်းလေ။ အဲ ဒါပေမယ့် သူကို ကွန်ပျူတာ ဆော့ဝဲတွေသွင်းဖို့ အဓိကသုံးကြပါတယ်။ အခွေကူးတာတို့ ဗွီဒီယိုကြည့်တာတို့လည်း လုပ်နိုင်ပါတယ်။ မပါမဖြစ်ပစ္စည်းဆိုပေမယ့် အင်တာနက်ဆိုင်တွေမှာ မတပ်ထားဘူးနော် လို့ ကျောင်းသားတစ်ယောက်ပြောဖူးတာကို သတိရမိပါတယ်။ ဒါကဒီလိုရှိပါတယ်။
သင့်ကွန်ပျူတာထဲကိုသင် ဆော့ဝဲတစ်ခုသွင်းချင်တယ်ဆိုပါစို့ (သင်ကိုယ်တိုင်ပေါ့)။ ဆော့ဝဲခွေ ရောင်းတဲ့ဆိုင်က ဆော့ဝဲကို သင်သွားဝယ်မယ်။ သင့်ကို ဆိုင်က အခွေနဲ့ပေးလိုက်မှာပါ။ ကဲ သင့်မှာ CD/ DVD Drive မရှိရင် သင်ဘယ်လိုလုပ်မလဲ? အဲ့ ရှိလို့သင် လိုအပ်တာအားလုံးသွင်းပြီးရင် သင့်ရဲ့ Drive ကို ဖြုတ်ထားလဲရပါတယ်။ အင်တာနက်ဆိုင်တွေက အားလုံးသွင်းပြီးမှ ဖြုတ်ထားတာပါ။

စက်အတွင်းမှာ မတပ်ဘဲ အပြင်ကနေ USB ကြိုးနဲ့ သုံးတဲ့ External DVD Drive တွေလည်းရှိပါတယ်။
         
  (မှတ်ချက်။       ။ အခုနောက်ပိုင်း ကျွမ်းကျင်သူတွေကတော့ CD/DVD မပါဘဲ Stick လေးနဲ့ လုပ်နေတာကို မဆိုလိုပါဘူး။ CD/DVD တွေရဲ့ အလုပ်လုပ်ပုံလေးကို အခြေခံကျောင်းသားတွေ သိအောင် ရှင်းပြထားခြင်းဖြစ်ပါတယ်။ )

0 comments:

Post a Comment