09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Monday, August 4, 2014

သားသမီးများကို အချိန်ပေးဖို့လိုအပ်ပါတယ်။

သားသမီးများကို အချိန်ပေးဖို့လိုအပ်ပါတယ်။


အဖေလုပ်သူဟာ အလုပ်ကနေ အိမ်ပြန်လာပြီဆို အမြဲ နောက်ကျပြီး၊
ပင်ပန်းနွမ်းချိနေတော့ သားတစ်ယောက်ရဲ့ တည်ရှိမှုကိုတောင်
ဂရုမစိုက်နိုင်အားတော့ဘူး။ တစ်နေ့ သူ့ရဲ့ ငါးနှစ်အရွယ် ရှိတဲ့ သူ့ရဲ့သားက
ဧည့်ခန်းမှာ ထိုင်ပြီး အဖေကိုတွေ့ဖို့ စောင့်နေလေရဲ့။ သူ့အဖေကို
မြင်တယ်ဆိုရင်ပဲ
သား ။ ။ ဖေဖေ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။
ဖေ ။ ။ ပြောပါသားရယ်၊ မေးလို့ရတာပေါ့။
သား ။ ။ ဖေဖေ အခုလို အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်။
ဖေ ။ ။ ကလေးက ကလေးနေရာ မနေဘူး။ ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ဒီမေးခွန်း
မေးရတာလဲ။
စိတ်တိုတိုနဲ့ပဲ ဆူငေါက်လိုက်တယ်။
သား ။ ။ သား သိချင်လို့ပါ။ ပြောပြပါနော် ဖေဖေ။ တစ်နာရီ ဘယ်လောက်ရလဲ။
ဖေ ။ ။ အလုပ်က ပင်ပန်းရတဲ့အထဲကွာ။ မင်း သိချင်သပါ့ဆို ပြောပြမယ်။ တစ်နာရီ
နှစ်ထောင်ရတယ်။
"အိုး" လို့ နှုတ်က ရေရွတ်လိုက်ပြီး ကလေးခမျာ ခေါင်းလေး ငိုက်စိုက် ကျသွားတယ်။
ခဏကြာတော့ ခေါင်းလေး မော့လာပြီး သူ့အဖေကို
"သားကို ပိုက်ဆံ တစ်ထောင်လောက် ချေးပါလား"
အဖေလုပ်သူက မျက်နှာထားတင်းသွားပြီး
"ဒီ ပိုက်ဆံတစ်ထောင် ချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ လျှောက်ဝယ်မလို့ မလား။ သွား
... မင်းအိပ်ခန်းကို အခုသွား။ အိပ်တော့။ မင်း ဘာလို့ အဲလောက် အတ္တဆန်ရသလဲ ဆိုတာ
သေချာပြန်စဉ်းစားစမ်း။ ငါ့မှာ တစ်နေ့တစ်နေ့ ဒီလို ကလေးကလား အပြုအမူတွေအတွက်
အလုပ်လုပ်နေရသလိုပဲ။"
ကလေးခမျာ ဘာမှ ပြန်မပြောတော့ဘဲ တိတ်တိတ်ကလေး အခန်း ပြန်သွားတော့တယ်။


အဖေလုပ်သူက ထိုင်ခုံမှာ ထိုင်ပြီး တွေးလေ ဒေါသထွက်လေ ဖြစ်နေတော့တယ်။
ပိုက်ဆံလေးချေးဖို့ ကိစ္စများ ငါ့ကို ကြီးကြီးကျယ်ကျယ် ဘယ်လောက်ရသလဲလေး
ဘာလေးနဲ့။ မေးရက်လိုက်တာ လို့ တွေးနေမိတယ်။ တစ်နာရီလောက်ကြာတော့ အဖေဖြစ်တဲ့ သူက
တည်ငြိမ်စ ပြုလာပြီး ကလေးရဲ့ မေးခွန်းနဲ့ တောင်းဆိုချက်ကို သေချာ
ပြန်စဉ်းစားမိတယ်။ သူ ငွေတစ်ထောင် ချေးတာဟာ တကယ်ပဲ တစ်ခုခု ဝယ်ဖို့
လိုအပ်နေလို့ ဖြစ်နိုင်တယ်။ ဒီကလေး အဲဒီလို အရင်က ချေးလေ့မရှိပါဘူးလို့
တွေးလိုက်မိတော့ ကောင်လေးရဲ့ အခန်းထဲကို ဝင်သွားပြီး ကောင်လေးနဲ့
စကားသွားပြောတယ်။

"အိပ်ပြီလား၊ သား"
"သား မအိပ်သေးပါဘူး ဖေဖေ"
"ဖေဖေ ပြန်စဉ်းစားနေမိတယ်သား။ အဖေ ဆုံးဖြတ်ချက်ချတာ လောသွားတယ်။ တနေကုန်လုံး
ပင်ပန်းထားတော့ သားအပေါ် ဒေါသတွေ စုပုံ ချမိသွားတယ်။ ရော့သား၊ သားလိုချင်တဲ့
ငွေတစ်ထောင်။"
ကလေးက မတ်တပ်ထရပ်ပြီး ပြုံးရွှင်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်။ "ကျေးဇူးပါ ဖေဖေရယ်"
ကလေးက သူ့ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံ အနွမ်းလေးတွေကို
ထုတ်ရေလိုက်တယ်။ အဖေလုပ်သူက ဒီကောင် သူ့မှာလည်း ပိုက်ဆံ ရှိလျက်နဲ့ ငါ့ဆီက
ထပ်တောင်းသေးတယ် ဆိုတဲ့ အတွေးနဲ့ ဒေါသက တစ်ချောင်းချောင်း ထပ်ထွက်နေပြီ။ ကလေးက
သူ့ ပိုက်ဆံတွေကို အသေအချာ ရေကြည့်ပြီး သူ့အဖေကို မော့ကြည့်လိုက်တယ်။
အဖေလုပ်သူကလည်း ဒေါသတကြီးနဲ့
"မင်းဆီမှာ ပိုက်ဆံတွေ ရှိနေရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုန်း" လို့
အော်ဟောက်လိုက်တယ်။
သားလုပ်သူ မျက်နှာငယ်လေးနဲ့ ပြန်ဖြေလိုက်တာက
"အဲဒီတုန်းက မပြည့်သေးလို့ပါ ဖေဖေ။ အခုတော့ ပြည့်သွားပြီ။"
"ဖေဖေ၊ သားမှာ အခု ငွေနှစ်ထောင် ရှိသွားပြီ။ ဖေဖေဆီက အချိန် တစ်နာရီစာ သားကို
ရောင်းပေးပါလားဟင်။ မနက်ဖြန် ညနေ အိမ်ကို စောစော ပြန်ခဲ့လေ။ သားတို့ ညစာ
အတူတူစားရအောင်လား။"

0 comments:

Post a Comment