09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Monday, August 18, 2014

သင့်ကလေး လေးစားအားကိုးသူတစ်ယာက်ဖြစ်အောင်နေပါ

BE A ROLE MODEL TO YOUR CHILDREN



         
       Five – year – old Deepak used to sleep alone in his room. One day his father was with him at bedtime. Deepak wanted his father to tell him some stories, which he did.
      After quite some time Deepak felt sleepy and told his father, “Now, Daddy, I have to say my prayers.” He knelt down beside his bed, joined his hands, raised his eyes to heaven and prayed, “Now I lay down to sleep, I pray the Lord my soul to keep; if I should die before I wake up, I pray the Lord my soul to take.” This was his usual prayer, but that night he locked up at his Dad, then raised his eyes to heaven and prayed aloud, “Dear God, make me a great big good man, like my Daddy. Thank you God.” In a moment he was in bed and in five minutes he slept. And then the father knelt by his son’s bedside and prayed.
What was the father’s prayer?



သင့်ကလေး လေးစားအားကိုးသူတစ်ယာက်ဖြစ်အောင်နေပါ

ငါးနှစ်သားလေးဒေးဗစ်သည် သူ့အိပ်ခန်းထဲတွင် တစ်ယောက် တည်း အိပ်လေ့ရှိသည်။ တစ်နေ့သော အိပ်ချိန်တွင် သူ့ဖခင်သည် သူ့နှင့်အတူ ရှိနေခဲ့သည်။ ဒေးဗစ်သည် ဖခင်အား ပုံပြင်ပြောခိုင်းစေသဖြင့် ဖခင်လည်း ပြောပြလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးသောအခါ ဒေးဗစ်သည် အိပ်ငိုက်လာ သဖြင့် ဖခင်အား " ဖေဖေ … သားညအိပ်ရာဝင် မေတ္တာစာဆိုရဦးမယ် " ဟုပြောလိုက်သည်။ ထို့နောက် သူ့ကုတင်ဘေးတွင် ဒူးထောက်၊ လက်အုပ်ချီ မျက်လုံးအစုံကို ကောင်းကင်ဘုံရှိရာ အထက်သို့ ပင့်ကာ ဆုတောင်း လိုက်သည်မှာ "  အခု သားလေးခေါင်းချအိပ်တော့မယ်။ ဘုရားသခင် သားကို စောင့်ရှောက်တော်မူပါ။ ပြန်မနိုးခင် သေဆုံးခဲ့ရင် သားဝိညာဉ်ကို ခေါ်ဆောင်တော်မူပါ " ဟူဖြစ်၏။ သည်မှာ သားငယ်ကလေး၏ ညစဉ် ဆုတောင်းမေတ္တာဖြစ်၏။ သို့သော် ထိုညတွင်ကားသားငယ်ကလေးသည် ဖခင်မျက်နှာကို တစ်ချက်ကြည့်ပြီး ကောင်းကင်ဘုံ ရှိရာသို့ မော့ကြည့်ကာ " အို အဘဘုရား … သားလေးကို ဖေဖေ့လို လူကြီးလူကောင်း တစ်ယောက် လုပ်ပေးပါနော် … ကျေးဇူးတင်ပါတယ် … အဘဘုရား " ဟုဖြည့်စွက် ဆုတောင်းလိုက်သည်။ ခဏအကြာတွင် သားငယ်ကလေး ကုတင်ပေါ် လှဲလိုက်ပြီး ငါးမိနစ်အတွင်းအိပ်ပျော် သွားတော့သည်။
ထို့နောက် ဖခင်ဖြစ်သူသည် သားငယ်ကလေး၏ ကုတင်ဘေးတွင် ဒူးထောက်ကာ ဘုရားသခင်ထံ ဆုတောင်း လိုက်လေသည်။ ဖခင် မည်သည့်အရာအတွက် ဆုတောင်းလိုက်သနည်း။

( Thinking ပိုင်းလေးပေးချင်လို့ အဖြေမထည့်ပေးလိုက်ပါဘူး
အဖြေကို နောက်အပတ်မှ နောက်တစ်ပုဒ်နဲ့ ထည့်ပေးလိုက်ပါမယ်...။
စာဖတ်သူလည်း အေးအေးဆေးဆေး တွေးလို့ရအောင်ပါ  )

                                                                                                                                                                            ရှားသူ

0 comments:

Post a Comment